အိမ်မက်ဆန်သော ဘ၀ပြဇာတ်တပုဒ်
စာရေးသူ - soegyi
(Credit - အတွေးပင်လယ်ပြာ)
(Credit - အတွေးပင်လယ်ပြာ)
“ ဟိတ်-ကလေး ..ထတော့လေ…မင်းအလုပ်သွားရဦးမယ်မလား ညတုန်းကလည်း အစောကြီး အိပ်ပြီးတော့ကွာ… “
“ ကိုကို ..အစောကြီးရှိသေးတယ်ကွာ… ငါသိတယ် မင်းငါ့ကိုဘာလို့ အစောကြီး လာနိုးနေတယ် ဆိုတာကိုနော်၊ ငါအိပ်မှဖြစ်မယ်ကွာ၊ အလုပ်ကညနေမှလေကွာ “
“တကယ့်ကောင်မဆိုးလေးဘဲကွာ၊ အဲ့တာဆိုလဲ ပြီးရောလေ၊ ကိုယ်ကတော့ လုပ်စရာရှိတာ လုပ်မှာဘဲနော်“
သေချာကြည့်လေ ကောင်မလေးက ချောလေဘဲဗျာ…. သူက တကယ်တော့ ကျွန်တော်နဲ့ ဒှတိယတွေ့တဲ့
ပထမလူပါလေ၊ ဟုတ်တယ် သူအတွက်လည်း ကျွန်တော်က ဒုတိယတွေ့တဲ့ ပထမလူပဲ၊ ကျွန်တော်နဲ့ သူစပြီး အခုလိုနေဖြစ်ကြတာလဲ
ဒီတခေါက်အလုပ်ကိစ်စနဲ့  ထွက်ခဲ့ရတဲ့ ဘန်ကောက်ခရီးစဉ်မှာစတာဘဲ၊ သူလွန်ခဲ့တဲ့ ၆လလောက်က အလုပ်လာရှာတော့ ကုမ်မဏီမှာကလဲ အဲ့တုန်းက လူလိုနေတော့ သူ့ ကိုဘဲဆွဲခန့် လုပ်ခဲ့ရတာ၊ အခုခရီးထွက်မယ်ဆိုတော့ ကျွန်တော်ရဲ့လက်ထောက် သူ့ ကိုပါသူဠေးက ခေါ်သွားခိုင်းရော၊
လုပ်ငန်းအတွေ့ အကြုံ ရအောင်ရယ် နောက်ပိုင်းလိုအပ်ရင် သူတယောက်ထဲ သွားနိုင်အောင်ရယ်ပေါ့၊
တကယ်တော့ ကောင်မလေးက ကျွန်တော့မိန်းမရဲ့ ညီမလေ၊ ကျွန်တော်တို့ လက်ထပ်တဲ့ လွန်ခဲ့တဲ့ ၄နှစ်လောက်တုန်းက သူက၁၄-၅နှစ်သာသာလေးလေ၊ အခုတော့ ၂၀ကျော် ဆိုတယ်အရွယ်နဲ့ လိုက်ဖက်ညီတဲ့ ကိုယ်လုံးသွယ်သွယ် အရပ်မြင့်မြင့်နဲ့  တကယ့်ပီဘိအပျိုကြီးဖြစ်လို့ နေပြီဘဲ၊ သူမှာလည်း စေ့စပ်ထားတဲ့ ကောင်လေးရှိသေးတယ်၊ အစကတည်းက ကျွန်တော်တို့ ကဆွေမျိုးဆိုပေမယ့် ခဲအိုနဲ့ ခယ်မ ဆိုတဲ့ လူဘောင်ထဲမှာ ထိန်းထိန်းသိမ်သိမ်း နေလာခဲ့တာဘဲလေ၊ အဲ့ဟိုနေကတော့ အလုပ်က ပြန်တာစောတာနဲ့  သမီးတို့ လဲ ဘန်ကောက် လျှောက်လယ်ရအောင်ဆိုတာကနေ ဒီဇတ်လမ်း စခဲ့တာဘဲ။