Thursday, October 25, 2012

[ Jin_kaleat ] တခါတရံ အချစ်သည် ပယ်နယ်တီ တလုံးဖြစ်၏။ (Credit : အတွေးပင်လယ်ပြာ)


တခါတရံ အချစ်သည် ပယ်နယ်တီ တလုံးဖြစ်၏။


စာရေးသူ - Jin_kaleat
(Credit - အတွေးပင်လယ်ပြာ)


မနေနိုင်တော့လဲ စလိုက်မိပြန်ပြီပေါ့။
ဒီဇာတ်လမ်းက အသစ်တော့ မဟုတ်ဘူး။ စရေးထားပြီး ကျွန်တော့် စက်ထဲမှာချောင်ကပ် နေတာ အနည်းဆုံးလေး နှစ်လောက်တော့ ရှိပြီ။ ဟိုတလောကမှ စိတ်ကူးပေါက်တာနဲ့ ပြန်ပြီး ဟိုလုပ်ဒီလုပ် လုပ်လိုက်သေးတယ်။ ဒါပေမယ့် သံသာစက် မပြတ်သေးတဲ့ အချိန်ဆိုတော့ ပြန်ချထားလိုက်မိပြန်ရော။ နောက်ပိုင်း ကျတော့လည်း တခြား ဟာတွေ လျှောက် စဉ်းစား နေတာနဲ့ ဒီဟာက ကျန်နေပြန်တယ်။
မနေ့ကတော့ ဆြာကြပ်တို့ ကိုနတ်သားတို့လည်း အသစ်တွေလုပ်နေကြပြီဆိုတော့ ရေးဦးမှပဲလေ ဆိုပြီး လိုက်ကြည့်ရင်း ဒါလေးက စာမျက်နှာ နှစ်ဆယ်ကျော်လောက် ကျအောင် ရိုတ်ထားပြီးသား ဆိုတာ သွားတွေ့တာနဲ့ ဒါပဲ ဆက်လုပ်တော့မယ် ဆုံးဖြတ်လိုက်တယ်။ ပြီးသလောက် အကုန်တင်တာ ဆိုတော့ အစပိုင်းတော့ တင်တာသွက်မယ်။ နောက်ပိုင်းကျရင်တော့ နည်းနည်းချင်းပဲ တင်နိုင်တော့မယ် ထင်တယ်။   တခြားဟာတွေလဲဖြတ်ဖို့ ရှိသေးလို့

Jin_kaleat




(၁)
လောကတွင်မောင်မောင်အမုန်းဆုံးလူမှာစိုးဦးဖြစ်သည်ဆိုလျှင်ဘယ်သူမှယုံကြည်ကြမည်မဟုတ်ပေ၊ မောင်မောင်သည်စိုးဦး၏အခင်ဆုံးသူငယ်ချင်းဖြစ်သည်။
စိုးဦးကမောင်မောင့်ကိုအလွန်ခင်၏၊ အထက်တန်းကျောင်းသားဘ၀ကပင် လည်ပင်းဖက် ပေါင်းလာသူများဖြစ်သလို မောင်မောင်က ဟန်ဆောင်ကောင်းလှသောကြောင့်လည်း ကာယကံရှင် စိုးဦးကိုယ်တိုင်ပင် မရိပ်မိပေ၊ မိမိကို အလွန်ခင်သော ငယ်သူငယ်ချင်း တစ်ယောက်ကို ဒီလိုစိတ်မျိုးမောင်မောင် မမွေးချင်ပါ သို့သော်လည်း အခြေအနေတွေက မောင်မောင့်ဘက်မှာ မရှိပေ ဒီတော့လည်း ဟန်မပျက်နေထိုင်ရင်း စိုးဦးကို လူမသိသူမသိ မုန်းနေရသော အချိန်တွေက တော်တော် ပင်ကြာခဲ့ပါပြီ။
ဒီလိုမျိုးလူငယ်ဘ၀မှာသူငယ်ချင်းတွေစိတ်ဝမ်းကွဲကြရာတွင်ပစ်မ လွဲမှန်သောအ ကြောင်း တစ်ရပ်ရှိသည်။ အချစ်။ မောင်မောင်ကမြလေးညိုကိုချစ်သည်၊ မြလေးညိုက မောင်မောင့်ကိုမချစ်၊ စိုးဦးကိုချစ်၏။ တကယ်တန်းတော့မောင်မောင်ဒီလောက်သ ဘောထားမနုပါ၊ စိတ် ထဲကမကျေနပ်သော် လည်းဖြေသိမ့်နိုင်ပါသေး၏၊ နောက်တစ်ခုကတော့ တော်တော်ဆိုးသည်၊ မြလေးလို့မောင်မောင် ကခေါ်ပြီး ညိုဟု စိုးဦးက ခေါ်သော မြလေးညိုကြောင့်မဟုတ်၊ ပြောရရင်ဇတ်လမ်းကတော့ တော်တော်ရှည်ပါမည်။



မြေလတ်ဒေသပိုင်းရှိမြို့ကြီးလည်းမဟုတ်မြို့ငယ်လေးလည်းမဟုတ်သောမြို့လတ်က လေး တစ်မြို့မှာမောင်မောင်နေပါသည်၊ မြလေးလည်းမောင်မောင်နှင့်တစ်
ရပ်ကွက်ထဲနေပါသည်၊ ထိုရပ်ကွက်မှာစိုးဦးဆိုသောကောင်လည်းနေပါသည်၊ မူလတန်းကျောင်း သားကျောင်းသူ တွေဘ၀တုန်း ကတော့အားလုံးအတူတူလို ပင်ဖြစ်သော်လည်းအလယ်တန်းပြီးဆုံး ခါနီး ချိန်မှာ တော့မြလေးညိုသည်မောင်မောင့် အတွက်တစုံတရာထူးခြားမှန်း မောင်မောင်စ တင်သတိထား မိလာသည်မြလေးညိုကလည်းမောင်မောင့်ကိုဖေါ်ဖေါ်ရွေရွေဆက်ဆံ တတ်ခြင်းသည်ကလည်းမောင်မောင့်အတွက်ရေချိန်တွေပိုတက်စေသလိုဖြစ်ခဲ့ရသည်။
မြလေးညို လို့ အမည်တွင်သော်လည်း တကယ်တော့ မြလေးက အသားမညိုပါ။ ၀ါဝင်း ပြီးစိုပြည်သည့် အသားအရည်ရှိသည်။ ခြောက်တန်းအောင်ပြီး ခု နစ် တန်း လောက်အရောက်မှာကထဲက မောင်မောင့် မျက်လုံးထဲ မှာ မြလေးညိုက ပြောင်းလဲလာသည်။ ဆံပင်တွေက အရင်လိုလို တိုတို မဟုတ်ဘဲပိုပြီး ရှည် လျား
လာသလို ကြည်လင်ကာရှင်းသန့် နေသည့် မျက်လုံးလေးတွေကို ကာရန်ထား သော မျက်တောင်တွေက ပိုပြီး နက်မှောင်ကာ ရှည်လျားလာသည်လို့ ထင်သည်။
မြလေး ညို၏ အသံလေးက ပိုပြီးသာယာနာပျော်ဖွယ် ဖြစ်လာသလို နေတာထိုင်တာက လည်း ပိုပြီး သန့် ရှင်းသပ်ရပ်လာသည်။ စိုးဦး ဆိုသည့်ကောင်ကတော့ အဲဒီအချိန်မှာ ဘောလုံး ကို တ၀ုန်းဝုန်းကန် နေဖို့ လောက်သာ အာရုံရှိပြီး မြလေးညို ဖက်ကို တခါမှလှည့်၍ တောင် မကြည့်ခဲ့ ဟု မောင်မောင်မှတ် မိနေသည်။
အသက်တွေ တနှစ်ကြီးပြီး အတန်းတတန်း တက်လာသည်နှင့် အမျှ မြလေးညို၏ ကိုယ် လုံးလေးက ပိုပြီး ကျော့ရှင်းသပ်ရပ်လာသည်။ တင်ပါးတွေက တနေ့
တခြားပိုကားစွင့် လာသည်နှင့် အမျှ ရင်နှစ်မွှာကလည်း တနေ့ထက်တနေ့ ပိုလို့ မောက်ကြွလာသည်။ မြလေး ညို၏ ကိုယ်ခန္ဓာကို တစိမ့်စိမ့် စောင့်ကြည့်နေရခြင်း မှာ မောင်မောင်ယစ်မူး ကျေနပ်ရင်း မြလေး ကို ချစ်မိနေပြီ ဖြစ်ကြောင်းကိုယ့်ဖာသာသိလာရသည်။
ကံဆိုးချင်တော့ကိုးတန်းအရောက်မှာမြလေးညိုကကျောင်းပြောင်း သွား၏ တစ်မြို့ထဲ ပင် ဖြစ် သော်လည်းအတန်းထဲမှာ၊ ကျောင်းဆင်း ကျောင်းပြန်ချိန်တွေ
မှာတွေ့နေကျ မျက် နှာလေးကိုမမြင်တွေ့ရခြင်းသည်ဆင်း ရဲလှကြောင်းမောင်မောင်သေ သေချာချာ သိ လိုက်ရပြီးနောက်မှာတော့မြလေး အချစ်ကိုရအောင်ယူ
ဖို့မောင်မောင် ဆုံးဖြတ်လိုက်သည်၊ ဘယ်သူ့ကိုမှတော့ဖွင့်မပြောဖြစ်ပေမယ့်ရင်ထဲကဆုံးဖြတ်ချက်၏ပြတ်သား မှုကိုတော့ ကိုယ် တိုင်ကောင်းကောင်းသိနေသည်၊
တိုက်ဆိုင်သည်ဟုပြောရလေမည်လားမသိမြလေးကျောင်းပြောင်းသွားပြီးနောက်ပိုင်း တွင် စိုးဦးနှင့်အတန်းထဲမှာရောရပ်ကွက်ထဲမှာပါတော် တော်တွဲဖြစ်သည်၊
ကျောင်းသွား ချိန်မှာ တူတူမသွားဖြစ်သော်လည်းကျောင်းပြန်လျင်တူတူပြန်လေ့ရှိကြပြီးညနေတိုင်းဘောလုံးသွားကစားဖြစ်သည်။ ငယ်ငယ်ကထဲက သူငယ်ချင်းတွေ နဲ့ ဘောလုံးကန်ဖူးပေမယ့် စွဲစွဲမြဲမြဲ မ ဟုတ်။ မြလေးညို ကျောင်းပြောင်းသွားသည့် နောက်ပိုင်း ဂဏှာမငြိမ် ဖြစ်နေတဲ့ စိတ်ကို ထိန်းချင်တာ ကြောင့်ရော စိုးဦး က အတင်းလာလာခေါ်တာကြောင့် ကစားဖြစ်သွား ခြင်းလို့ ဆိုနိုင်ပါသည်။
ထိုကာလတွေက စိုးဦး နဲ့ မောင်မောင် တတွဲတွဲ ရှိသည့်ကာလတွေလို့ ဆိုနိုင်သည်။ ကျောင်းလည်း တူ၊ ကျူရှင်လည်းတူ၊ ဘောလုံးကန်တဲ့ အခါလည်း တူတူ
ဖြစ်လို့ အားလုံး က စိုးဦးနဲ့ မောင်မောင်ကို အရင်းနှီးဆုံးသူငယ်ချင်းတွေလို့ သတ်မှတ်ထားကြ၏။ ထိုစဉ်က တော့ မောင်မောင့် စိတ်ထဲမှာလည်း အဲဒီလိုပဲ ရှိခဲ့ပါသည်။ မောင်မောင် နှင့် စိုးဦးက အတွဲ လည်းညီသည်။
မောင်မောင်ရော စိုးဦးပါ အရပ်အမောင်းကောင်းကြသည်။ ဒါပေမယ့် စိုးဦးက ကိုယ်လုံး ကိုယ်ထည် အနည်းငယ် ပိုတောင့်တင်းသည်။ နောက်ပြီး မောင်မောင့်
အသား က အညို ဖက် သန်းသော်လည်း စိုးဦး ကတော့ အသားဖြူသည်။ မောင်မောင့်ကို ရုပ်ရည် မဆိုးလို့ ပြောရင် စိုးဦးကိုတော့ လူချောလို့ ပြောမှ ဖြစ်လိမ့်မည်။ အသားဖြူဖြူ ထောင် ထောင် မောင်း မောင်း နှင့် ရုပ်ချောသလို ဘောလုံးကန်လည်း ကောင်းသည့် စိုးဦးကို ကောင်မ လေးတွေ က သဘောကျကြသည်။ အဲဒီထဲ
မှာ မြလေးညို ပါမှာ မဟုတ်လို့ မောင် မောင် ယုံကြည် ထား မိခဲ့ပါ၏။
သပ်သပ်ရပ်ရပ် နေတတ်သည့် စိုးဦးနှင့် ဖြစ်သလိုနေတတ်သည့် မောင်မောင် အတွဲက တ ချို့ လူတွေ အမြင်မှာ ရုပ်ရှင်တွေထဲကလို မင်းသားနှင့် မင်းသားသူ
ငယ်ချင်း ပမာဖြစ် နေသည်။ ပြောလည်း ပြောကြ၏။ ဒါပေမယ့် မောင်မောင့် စိတ်ထဲ ဘယ်လိုမှ သဘော မ ထား ခဲ့ပါ။ သူငယ်ချင်းတွေ ဖြစ်ကြသလို မောင်မောင်
က စိုးဦးထက် များစွာသာလွန်သည့် အ ချက်တွေ လည်းရှိသည်။ ဒါကိုတော့ လူတွေကမေ့ ထားကြ၏။
စိုးဦး အဖေက သာမန်ရုံးစာရေးကြီး တယောက်ဖြစ်ပြီး အမေက ခေါင်းရွက်ဗျက်ထိုးဈေးသည် တယောက်ဖြစ်သည်။ မောင်မောင့်မှာ မိဘတွေတော့ မရှိတော့ပါ။
ဒါပေမယ့် ငယ်စဉ် ထဲက သားပမာခေါ်မွေးခဲ့ သည့် ဦးလေးနှင့် အဒေါ်က ပြည့်စုံချောင်လည်သည့် လုပ်ငန်းရှင် တွေ ဖြစ်သည်။ သားသမီး လည်း မထွန်းကားလို့
မောင်မောင်က သူတို့၏ အမွေစားအမွေခံ သား ဖြစ်ကာ ချစ်လည်း အရမ်းချစ်ကြသည်။ ထို့ကြောင့် ငွေကြေးမှာတော့ မောင်မောင်က သာသည်။ လူတွေက
မောင်မောင့်ကို မင်းသား၏ သူငယ်ချင်း ပမာပြောကြသော်လည်း တ ကယ်တန်းတော့ နေရာတိုင်းနီးပါးမှာ စိုးဦးအတွက် မောင်မောင်က ထုတ်ပေးရတတ်သည်။
ဘောလုံးကန်ဖို့ လောက်ပဲ စိတ်ဝင်စားပြီး ဥာဏ်သိပ် မကောင်းသည့် စိုးဦးက ပညာ ရေးမှာ မထူး ချွန်၊ အောင်စာ ရင်းထွက် တိုင်း နောက်ဆုံးက ပါလာတတ် သူဖြစ်သည်။ မောင် မောင်က စာ သိပ်ကြိုစား သူ မဟုတ်သည့်တိုင် ပင်ကိုယ်ဥာဏ် ကောင်းသူဖြစ်လို့ အတန်း ထဲမှာ တစ်က နေ တဆယ် အတွင်းလောက်တော့ အဆင့်ရှိသည်။ မြလေးညိုကတော့ အ လည် အလတ် ထဲကလို့ ပြောနိုင်ပါသည်။ ထူးချွန်သူမဟုတ် သလို စာညံ့ သူလဲ မဟုတ်ပါ။
ဖြစ်ချင်တော့ ကျောင်းမတူတော့ သည့် အပြင် ကျူရှင်ချိန်ကလည်း လွဲကုန်တာကြောင့် ကိုး တန်းနှင့် ဆယ်တန်း နှစ်နှစ် ကာလတွင် မြလေးညိုကို ရံဖန်ရံခါမှ သာမောင်မောင် မြင်ခွင့် တွေ့ ခွင့်ရသည်။ တွေ့ ပြန်တော့လည်း မောင်မောင့် အနားမှာ စိုးဦးက ရှိနေ တတ် သလို မြလေးညို နားမှာလည်း တခြားသူငယ်ချင်းတွေ
ရှိနေသည့် အချိန်မျိုးတွေ ဖြစ်နေတတ် တာ ကြောင့် ရင်ထဲက အကြောင်းအရာတွေကို ဖေါ်ထုတ်ခွင့် မရခဲ့ပါ။ ဒါပေမယ့် ရုပ်ရှင် တွေ ဇာတ်လမ်းတွေထဲက လို တက္ကသိုလ်မြေကို ရောက်ရင်တော့ သူ့ အချစ်တွေကို မြ လေး ဆီမှာ ဖွင့်ဟလိုက်တော့ မည်ဟု မောင်မောင် စိတ်ကူးတွေ ယဉ်ထားခဲ့၏။ ဒါပေမယ့် ထိုစိတ်ကူး
ကလည်း လက်တွေ့ မှာ လွဲခဲ့ရသည်။
ဆယ်တန်းကိုမောင်မောင် တယောက်သာနှစ်ချင်းပေါက်အောင်ခဲ့ပြီးမြလေးညိုနှင့်စိုး ဦး ကျသည်။ အဲဒီတုန်းက သူငယ်ချင်း အရင်းခေါက်ခေါက် စိုးဦးစာမေးပွဲ
ကျတာထက် မြလေး ညို ကျတာကို ကိုယ်တိုင်ပဲ စာမေးပွဲကျသလို မောင်မောင် စိတ်မကောင်း ဖြစ်ရသည်။ စိုးဦး က တော့ ဖြေပြီးကထဲက အောင်နိုင်ဖွယ် မရှိ လို့ ၀န်ခံခဲ့ ပြီးဖြစ်သည်။ မြလေးညို အခြေအနေ ကို မေးတုန်းက အောင်ရန် ကျရန် ငါးဆယ် ရာ နှုံးစီဟု သူမ က မောင်မောင့်ကို ပြောလို့ မောင်မောင့် မှာ မြလေး ညို အောင်ပါစေ ကြောင်း ကြိတ်ပြီးဆုတောင်း နေခဲ့ရ၏။
“ဘယ်လို ဖြစ်တာလဲ မြလေးရာ”
မချိတင်ကဲ ဖြင့် မောင်မောင်မေးမိသည်။
“ငါတော့ Chemistry ထိတယ် ထင်တာပဲ၊ ငါဖြေခဲ့တာကိုက လေးဆယ် ဖိုးလောက်ပဲ ရှိ တာဟ”
“နောက်နှစ်တော့ အောင်အောင် လုပ်နော်”
“အေးပါဟာ၊ နှစ်နှစ်တောင် သင်မှတော့ ငါ အောင်မှာပါ”


မောင်မောင်ကောလိပ်တက်ရန်သူတို့မြို့နှင့်မိုင်ငါးဆယ် ကျော်ဝေးသောမြို့ကြီး ဆီထွက်သွား ရချိန်မှာတော့မြလေးညိုတို့စိုးဦးတို့က ဆယ်တန်းကိုနောက်တစ်နှစ်ဖြေဖို့ကြိုးစား
ရင်းကျန် ခဲ့ကြသည်၊ ဒါကပဲသူတို့နှစ်ယောက်ကိုပိုပြီးနီးစပ်သွားစေသလာလားတော့မသိ၊ စိုးဦး ကို မြ လေးအဖြေပေးပြီးသည့်နောက်မှာဒီ အကြောင်းမြလေးကိုမေးကြည့်တော့
မ ဟုတ်ပါလို့ ပြော ပေ မယ့်မောင်မောင်မယုံ၊ နှစ်ချင်း ပေါက်အောင် အောင်ဖြေမိသော ကိုယ့်ကိုယ်ကို သာ အပြစ်တင်ချင်နေတော့သည်။
မောင်မောင်နောက်ထပ်ရင်ထုမနာဖြစ်ရသောအကြောင်း တစ်ခုရှိသေးသည်၊ ဒီကိစ္စကြောင့် မောင်မောင့်၏စိုးဦးကိုမုန်းတီးစိတ်အဆုံးစွန်ကိုရောက်သွားရခြင်းဖြစ်သည်
၊ မြလေးနှင့်စိုးဦး ချစ်သူတွေတရားဝင်ဖြစ်အောင်မောင်မောင်ကဖန်တီးပေးမိသလိုဖြစ်သွားသည်၊ စိုးဦး က လည်း ငြိမ်ငြိမ်မနေလူထူတိုင်းကျေးဇူးရှင်ကြီးဟုဂုဏ်ပြုတတ်ခြင်း ကိုလည်းမောင်မောင်မ ခံယူနိုင်ပါ၊ ရှင်းရပါမည်ဆိုလျင်။
ဝေးနေရသောမြလေးကိုလွမ်းသောစိတ်ဖြင့်စနေ ကျောင်းပိတ်ရက်တစ် ရက်မှာမောင်မောင် မြို့ကိုပြန်လာ၏ကားပေါ်ကဆင်းဆင်းချင်းပင်ကျူရှင်သွားမည့်မြလေးကိုစက်
ဘီးလေးနင်း လာနေတာတွေ့လိုက်ရ၍မောင်မောင်ပျော်သွားသည်၊ ဘယ်လောက်ပျော်သွားသလဲဆိုပါ လျှင် နောက်မှာစက်ဘီးတစ်စီးနှင့်ပါလာသောစိုးဦးကို ပင် မမြင်နိုင်လောက်အောင်ဖြစ်သွားရသည်၊ မတွေ့ရတာကြာနေသည့်သူငယ်ချင်းမို့မြလေးကနောက် နေ့မနက်ကျူရှင် ကိုလာခဲ့ မုန့်ကျွေးမယ်ခုတော့နောက်ကျနေလို့ဟုပြော
ပြီး စက်ဘီးလေးကိုဆက်နင်း သွားသည်၊ ၀မ်း သာနေသောကြောင့်နောက်ကပါလာသောစိုးဦးပြုံးပြသွားသည်ကိုပင်ယောင်တောင်ပေါင်တောင်ဖြင့်ပြန်ပြုံးပြ လိုက်မိသေးသည်၊ ဘာလို့နှစ်ယောက်လုံးကျူရှင်နောက်ကျရသည်ကိုမတွေးမိပါ။
တနင်္ဂနွေနေ့မနက်မောင်မောင် မြလေးတို့ကျူရှင်ကိုရောက်တော့ကျူ ရှင်ကစခါစသာ ရှိ သေးသည်၊ ကိစ္စမရှိပါဘယ်လောက်ကြာကြာမောင် မောင်စောင့်နိုင်ပါသည်၊ ကျူရှင်ဆင်း တော့မြလေးကရှေ့ဆုံးကထွက်လာသည်၊ စိတ်ကပဲထင်လို့လားမသိမြလေးအဲဒီနေ့ကသိပ်လှနေသည်။ မြလေးကိုသိပ်ချစ်နေမိကြောင်းဖွင့်ပြောလိုက်ရင်ကောင်း
မလားစဉ်းစားနေ စဉ် မှာပင်မြလေးကအနားသို့ရောက်လာသည်။
အကြံအစည်ရှိသူပီပီ မြလေးညို နီးလာသည်နှင့် အမျှရင်လည်းခုန် ဒူးတွေလဲတုန်လာသည်။ သတ္တိတွေ ချက်ချင်းပျောက်ဆုံးသွားသည်။ ထို့ကြောင့်ဖွင့်ပြောရန် အစီအ စဉ်ကို ရွှေ့ဆိုင်းရန်ဆုံးဖြတ်လိုက်ပြီးကျူရှင်နှင့်မလှမ်းမကန်းကဆိုင်လေးမှာသွားထိုင် ဖြစ်သည်၊ ဘာကြောင့်ရယ်မသိမြလေးကလည်း စကားတွေရွှန်း ရွှန်းဝေ အောင်ပြောနေ သော ကြောင့်မောင်မောင့်အတွက် အသာယာဆုံးမနက်ခင်းလေးတစ် ခုဖြစ်လို့နေသည်၊ သို့ သော် ကံကြမ္မာကြာကြာမျက်နှာသာမပေးပါ၊ မောင်မောင်အိမ်မှထွက်မလာခင်ဦး လေးဆီ ကပိုက်ဆံတောင်းတော့ဦးလေးကမအားသဖြင့်ကိုယ့်ဖာသာ ယူသွား ဆိုပြီးဗီရိုသော့ ပေး လိုက်သည်၊ မောင်မောင်က လည်းအလောသုံးဆယ် ထွက်လာတော့ပြန်မပေးခဲ့မိ၊ ဦးလေး က လည်းဒီနေ့ငွေပေးစရာကိစ္စရှိသည်ဟုမနက်ကပြောသည်ကိုသတိရမိချိန် တွင်မောင် မောင် အပျော်တွေနည်းနည်းလျော့သွားသည်၊ ထိုအချိန်တွင်အနားသို့ယောင်လည်လည်ရောက်လာသူကစိုးဦး၊ ဘာရယ်မဟုတ်မောင်မောင်စိုးဦးကိုလှမ်းခေါ် လိုက်မိသည်၊
'စိုးဦး စက်ဘီးပါလား'
'မပါဘူးမောင်မောင်ဘာလုပ်မလို့လည်း'
'ငါအိမ်ခဏပြန်မလို့ မြလေးငါ့ကိုနင့်စက်ဘီးခဏပေးလိုက်ဟာ၊ သိပ် မကြာပါဘူး၊ ချက်ချင်း ပြန်လာမယ်၊ စိုးဦးမင်းမြလေးနဲ့ခဏနေပေးလိုက်ပါ'
ပြောပြောဆိုဆိုမောင်မောင်ကစားပွဲပေါ်တင်ထားသောမြလေးစက်ဘီးသော့ကိုဆွဲ ယူပြီး အိမ် ကိုပြန်ပြေးတော့သည်၊ ထိုအချိန်မှာစိုးဦးရော မြလေးပါ
တွန့်ဆုတ်တွန့် ဆုတ်အမူအ ရာများရှိနေသည်ကိုမောင်မောင်သေသေချာချာသတိမထားလိုက်မိ၊ နောက်မှမောင်မောင် နောင်တတွေတလှေကြီးရရလေတော့
သည်၊
ထင်သည့်အတိုင်းပင်အိမ်ရောက်တော့လမ်းမကိုတမျော်မျော်လုပ်နေသောဦးလေးကို တွေ့ ရသည်၊ သော့ပေးပြီးသည်နှင့်ကပျာကရာပြန်ပြေးလာတော့ငြိမ်သက်စွာ
ထိုင်နေကြသောစိုးဦးနှင့်မြလေးကိုတွေ့ရသည်၊ စိုးဦးကကြာကြာမနေပါချက်ချင်းဆိုသလိုထပြန်သွား၏၊ မြလေးတို့စာမေးပွဲအကြောင်း၊ မောင်မောင်တက်နေသောကျောင်း
အကြောင်းဟိုဟိုဒီဒီ ထိုင်ပြော နေရသည်ကိုပင်ကျေနပ်နေသောမောင်မောင်မြလေးကိုပြန်သည် အထိတ စိမ့်စိမ့်ကြည့် ရင်း ပျော်နေခဲ့ရသည်၊
သို့သော်ထိုအပျော်လေးတွေက ညနေကျောင်းမပြန်မှီအထိသာခံခဲ့ရသည်၊ ကားဂိတ် ကို အ သွားလမ်းပေါ်တွင်စိုးဦးနှင့်သွားဆုံသည်၊ မောင့်မောင့်ကိုအတင်း
လိုက်ခေါ်ပြီးလဘက်ရည် ဆိုင်လိုက်ခဲ့ဖို့ပြောသည်၊ ဘာမှ မသိသောမောင်မောင်ကလည်းကားချိန်စောနေ သေးသဖြင့် လိုက်သွားသည်၊
'တကယ်ပါမောင်မောင်ရာမင်းကလဲပြန်ရမှာ၊ ငါကလည်းစာမေးပွဲနီး နေလို့နို့မို့ရင်မင်း ကို ငါဘီ ယာလေးဘာလေးလိုက်တိုက်ချင်ပါတယ်၊ ဘိုင်လဲ ကျနေတယ်ကွ၊ အဟီး”
လဘက်ရည်ဆိုင်မှာထိုင်မိသည်နှင့်စိုးဦးကပြောလိုက်သောကြောင့်
'ဘာလဲ၊ မင်းကထီပေါက်လို့လား'
'အေးကွ၊ အဲဒီလိုပဲပြောရမှာပေါ့၊ မင်းကိုကျေးဇူးအရမ်းတင်လို့ပါသူငယ် ချင်းရာ'
'ဟား ဟားဆိုပါဦး၊ ငါနဲ့ဘာဆိုင်လို့လဲ၊ ငါကမနေ့ကမှပြန်ရောက်တဲ့ ဟာပဲ'
'မင်းကျေးဇူးကြောင့်ငါဒီနေ့၊ မြလေးညိုဆီကအဖြေရလိုက်တာ ဟဲဟဲ'
ကမ္ဘာကြီးလည်ထွက်သွားသလိုမောင်မောင်အောက်မေ့လိုက်မိသည်၊ မှောင်ရီမပျိုးသေးပါပဲ နှင့်ပါတ် ၀န်းကျင်မှာအလင်းရောင်တွေမမြင်ရ တော့သလိုဖြစ်သွားရသည်၊
အရာအားလုံးသည်အဝေးမှာလိုပင်ခံစားနေရသည်၊ ဆက်ပြောနေသောစိုးဦးစကားတွေကနားမှာကြား လိုက်မကြားလိုက်နှင့်၊
'ငါသူ့ကိုဖွင့်ပြောထားတာနှစ်လတောင်ကျော်ပြီ၊ သူကငါ့ကိုရှောင်နေ တယ်၊ နေ့ခင်းက မင်း ကငါတို့နှစ်ယောက်ထဲထားသွား၊ ငါကလည်းအ တင်းမေးတော့ မှအဖြေရတယ်၊
သူကငါ့ကို အဖြေပေးရမှာရှက်နေလို့ငါ့ကိုရှောင်နေတာပါတဲ့သူငယ်ချင်းရာကျေးဇူးအရမ်းတင်တယ်ကွာ'
စိုးဦးအရမ်းပျော်နေပုံရသည်၊ မောင်မောင်ငြိမ်သက်နေသည်ကိုပင်သတိ မမူမိဘဲသူ ပြောလို ရာ တွေကိုစွတ်ပြောနေသည်၊ သူတို့နှစ်ယောက်ကျူ ရှင်တစ်ခုထည်းတူတူ
တက်သည် ကိုသိရစဉ်ကမောင်မောင်စိတ်စနှောင့်စနင်းဖြစ်ခဲ့သေး၏၊ မြလေးကစီုးဦးကိုသိပ်အရောမ၀င်သလိုဆက်ဆံသည်ကိုတွေ့ရသောအခါတွင်မှစိုးဦးနှင့်ပတ်သက်လျင်အထိအခိုက် မခံချင် သော မိမိ၏စိတ်ကြောင့်သာဖြစ်မည်ဟုမောင်မောင်တွေးခဲ့ဖူးသည်၊ မြလေး ကိုဒီကောင် ဂိုးသွင်းဖို့ငါလုပ်ပေးလိုက်မိသလိုပါလားဟုတွေးရင်းမောင်မောင်စိတ်တို
လာသည်၊
'ငါလည်းဘယ်သိပါ့မလဲကွာ၊ ဒီလိုဖြစ်မယ်မှန်းသိရင်မြလေးကိုမင်းနဲ့ဘယ်ထားခဲ့ပါ့မလဲ'
'သူငယ်ချင်းရာ ဟားဟား မင်းငါ့ကိုဒီလိုမရက်စက်ဘူးဆိုတာငါကောင်းကောင်းသိ တာပေါ့'
တမင်ဘုပြောသည်ကိုပင်မသိသူ့ကိုနောက်နေသည်ဟုထင်ပြီးစွတ် တင်နေသောကြောင့် မောင်မောင်ထိုင်ရာမှထလိုက်သည်၊ စားပွဲပေါ်က လဘက်ရည်ခွက်ကို တစ်ငုံပင်မတို့ရ သေး သော်လည်းဒီကိစ္စအတွက်တိုက်သောလဘက်ရည်ကိုတော့မောင်မောင်မသောက်ချင်ပါ၊
'သွားမယ်ကွာ ကားနောက်ကျနေဦးမယ်'
မောင်မောင့်ဆင်ခြေကခိုင်လုံနေသည့်အတွက်စိုးဦးလည်းမတားသာ တော့ပါ၊ ဒါတောင် နောက်က နေလှမ်းပြောလိုက်သေး၏
'ငါသူ့ကိုသူများတွေခေါ်သလိုမြလေးလို့မခေါ်ဘဲညိုလို့ပဲခေါ်မယ်ကွာ၊ ကောင်းလားဟင်'
'မင်းခေါ်ချင်သလိုခေါ်ကွာ အမေလို့ခေါ်ချင်လည်းခေါ်အဖွားလို့ခေါ်ချင်ခေါ်'
ဘယ်ကနေဘယ်လိုကားဂိတ်ကိုရောက်လာသည်ကိုပင်မောင်မောင် မသိပါ၊ ကားပေါ် ထိုင် လိုက် သွားရင်းတလမ်းလုံးဒေါသတွေဖြစ်ရသည်၊ စိုးဦးကိုစိတ်ဆိုး၏၊ မြလေးညိုကို
လည်း မကျေနပ်၊ မိမိကိုယ် ကိုလည်းဒေါသတွေထွက်နေမိသည်၊ ကားပေါ်ကဆင်းဆင်းချင်းခြေလှမ်းတွေကအဆောင်ဘက်ဆီကိုမလှည့်မိ၊ စဉ်းစားဆုံးဖြတ်စရာမလို ပါဘဲနှင့်အရက် ဆိုင် ၀ကိုရောက်သွားတော့သည်၊

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


(၂)
ဒီလိုနဲ့ပဲမောင်မောင်ပထမနှစ်ကိုအောင်မြင်စွာကျခဲ့ပါသည်၊ မြလေးကြောင့် ဒီလောက် တောင် ခံစားရလိမ့်မည်လို့ ထင်မထားမိပေမယ့် စိတ်တွေလေသွား တာကတော့ အမှန်ပင်။ ကျောင်းစာကလွဲရင် ကျန်တာ အကုန်လျှောက်လုပ်ပြီး စိတ်ထင်တိုင်း ကျဲနေမိသည်။ ကျောင်း ရက်ရှည်ပိတ်ရင်တောင် အိမ်ကို မပြန်ဖြစ်တော့၊ ငွေ လိုလျင်ဦးလေးမိတ်ဆွေ တွေဆီ ကသွားဆွဲလိုက်ရုံပင်။
စိုးဦး နှင့် မြလေးညို မရှိသောအရပ် က ပိုလို့ နေလို့ ကောင်းသည်ဟု ထင်မိသည်။ ရည်း စားထားသော အလုပ်ကိုတော့ မလုပ်ဖြစ်။ လတ်လတ်ဆတ်ဆတ် ခံစားထားရ
သည့် အသဲ က နောက်ထပ်မိန်းကလေး တယောက်ကို လက်မခံပါ။ ရည်းစား မထား ဖြစ်ပေမယ့် မိန်းမ ကိစ္စ ကိုတော့ တော်တော်လေး လိုက်စားဖြစ်သည်။ ကြေးစားတွေ
သာမက လက် ဆောင် လေး အနည်းအကျဉ်း လောက်ပေး ရုံနှင့် လွယ်လွယ်ရသည့် မိန်းကလေးမျိုး ဆိုရင် လုံးဝ လက်လွတ်မခံပါ။ မောင်မောင့် အတွက် မိန်းမဆိုတာ အသွေးအသားလိုအင် ကို ဖြည့်ရုံ သက်သက်ဟု သူငယ်ချင်းတွေကြားမှာ ကြွေးကြော်ကာနေခဲ့၏။ ကျောင်းကိုတက်ချင်သည့် နေ့ တက်သည်။
ပုံမှန် အားဖြင့်တော့ မောင်မောင့် အချိန်ဇယားက ကျောင်း၊ မိန်းမ အိမ်နှင့် ဘောလုံး ကွင်း ထဲမှာ ရှိသည်။ ဘောလုံးကန် ဖြစ်တာက ဘာရယ်လို့တော့ မဟုတ် ထင်တိုင်း
ကျဲနေ ချိန် မှာ ကျန်းမာရေးမထိခိုက်အောင် အားကစားတခုခုတော့လုပ်သင့်သည်ဟု ယူဆပြီး ဘောလုံး ကန်ဖြစ်ခြင်းသက်သက်ပင်။
ညနေ ဆိုရင် ဘောလုံးကန် ပြီးတာနှင့် အရက်ဆိုင်ကို မောမောပန်းပန်း နှင့်သွားသောက် ရသည့် အရသာကို မောင်မောင် သဘောကျ၏။ ညဖက်ဆိုလည်း ဘောလုံးကစား
ထား သည့် အရှိန်နှင့် အရက်တန်ခိုး ပေါင်းလိုက်သည့်အခါ အိပ်လို့ အလွန်ကောင်း၏။
အိပ်မ ပျော် ရင် အတွေးတွေက မြလေးညို နှင့် စိုးဦးဆီ ရောက်သွားဦးမည်။ မောင်မောင် ခံရ အခက် ဆုံးက စိုးဦး မြလေးညို၏ အချစ်ကို ရသွားသည်ထက် အဖြေရဖို့ သူကလုပ် ပေးခဲ့ သလို ဖြစ်သွား ခြင်းဖြစ်၏။ မောင်မောင် မရှိခိုက် သူတို့ဖာသာ အဆင်ပြေသွားသည် ဟုဆိုရင် တောင် ဒီလောက် အထိခံရခက်မည် မထင်ပေ။
မောင်မောင့် အဖြစ်က အသဲကွဲတာ တခုထဲမဟုတ်၊ ခံပြင်းတာလည်းရောနေလို့ ပိုပြီး စိတ် လေရသည်။ စိတ်ကိုလွှတ်ထားသည့် မောင်မောင့် အတွက် ကျောင်း ဆိုတာ
တခါတလေ မှအပျင်းပြေရောက်တတ်သည့်နေရာ၊ ဒီတော့လည်း စာမေးပွဲကျ တာမ ဆန်း ဟုပင်ဆိုရ တော့မည်၊ စာမေးပွဲကျသည့်အတွက် ဦးလေးနှင့်အဒေါ်က တခြားမှာ
သွား ထား ဖို့လုံးဝ စိတ်မချတော့၊ ဦးလေး အလုပ်တွေဝိုင်းကူရန်အကြောင်းပြပြီး အဝေးသင် ပြောင်း တက် ခိုင်းသည်၊ မိဘတွေမရှိတော့သည်မှစပြီးသားအရင်းလို ချစ်ခင်စောင့်ရှောက် လာကြသူ များမို့မောင်မောင်မလွန်ဆန်နိုင်ပါ၊ မြလေးနှင့်စိုးဦးရှိရာ ဇာတိမြေ သို့ယောင်ချာ ချာပြန် ရောက်လာခဲ့ရသည်။
ရောက်ခါစရက်များမှာဦး လေးကိုကူညီသည်အကြောင်းပြပြီးဘယ်ကိုမှမသွားဖြစ်၊ ဦးလေးပွဲ ရုံမှာသွားနေချင်နေ၊ ဒါမှမဟုတ်လျင်အိမ်မှာပဲကုပ်နေမိသည်၊ အိမ်ကလူ ကြီးတွေ
ပင် အံသြ နေကြသည်၊ အဒေါ်ကတော့စာမေးပွဲတစ်နှစ်ကျပြီးသူ့တူနောင်တရလိမ္မာသွားပြီဟု ယူဆ ပြီးကျေနပ်နေသည်၊
တနေ့တော့ရပ်ကွက်လူကြီးတစ်ယောက်အိမ်ကိုရောက်လာသည်၊ စိုးဦးလည်းပါလာ၏။ လာ ရင်းအကြောင်းက ဘောလုံးကိစ္စ ဖြစ်သည်။ ရပ်ကွက် အသင်းအတွက် စီးပွားရေး
လုပ် ငန်း ရှင်ဖြစ်သော ဦးလေး ထံ အလှုခံလာခြင်း ဖြစ်သည်။ မောင်မောင့် ကိုတွေ့သောအခါ စိုး ဦးက အသင်းမှာပါဖို့ အတင်းခေါ်သည်။
'မောင်မောင်၊ မင်းကလဲ ဘယ်မှမထွက်တော့မင်းရောက်နေတာတောင် ငါမေ့ နေတယ်။ မင်းလဲ ၀င်ကန်ကွာ၊ မနက်ဖြန်ကျောင်းကွင်းမှာထရိန်နင်စမယ်၊ လာခဲ့သိလား'
မေ့မှာပေါ့ မြလေးနဲ့ ပျော်နေကြတာကိုး လို့ စိတ်ထဲက ကျိတ်ပြောရင်း ခေါင်းကို ခါပြလိုက် မိသည်။
“ဒီမှာ ဦးလေးကို ကူနေရတာ မအားဘူးကွာ၊ နောက်ပြီးငါက မကန်တာကြာပြီကွ၊ ကွင်းထဲ မှာ လေးဖက်ထောက်နေရမယ်”
“အေးဟ..မောင်မောင် လဲရှိတာပဲ၊ အချိန်ပြည့် မကန်နိုင်လဲ အရန်ပေါ့ကွာ၊ လူက ဆယ့်ရှစ် ယောက် အခုထိမပြည့်ဘူးဟ၊ တို့ရပ်ကွက်က လည်း လူရှားလိုက်တာ၊ တခြားရပ်ကွက်တွေ ဆို များလွန်းလို့ မနည်းရွေးနေရသတဲ့”
ရပ်ကွက်လူကြီးကပါ ၀င်ပြောတော့ မောင်မောင်အား နာပြီး ငြင်းရခက်သွားသည်။ ဦးလေး နှင့် အဒေါ် ကိုကြည့်လိုက်တော့ မောင်မောင့်ကို ပါစေချင်ပုံရသည်။
“လူမပြည့်လို့ ပဲကွာ၊ မင်းကလဲ ကျောင်းမှာတုန်းကတော့ စာမေးပွဲ ကျအောင်စွတ်ကန် လာ ပြီးတော့ အခုမှ ဘာဖြစ်နေတာလဲ”
ကျောင်းသွားတက်တုန်းက ဘောလုံးကန်လို့ စာမေးပွဲကျတာလို့ ထင်နေသည့် ဦးလေးက ၀င်ပြောတော့ မောင်မောင် မငြင်းသာတော့ပါ။
'ဟုတ်ကဲ့ဦးလေး'
စိတ်မပါဘဲ နှင့် သဘောတူလိုက်ရသည်။
“မနက်ဖြန် ညနေ လေးနာရီလောက် ကျောင်းကွင်းကို လာခဲ့သိလား”
မောင်မောင်တို့ ငယ်စဉ်က တက်ခဲ့ရသည့် မူလတန်းကျောင်း ရှေ့က ကွင်းကလေးကို ပြော ခြင်း ဖြစ်သည်။ မောင်မောင်မသွားချင်ပါ၊၊ ဘောလုံးကန်ဖြစ်လျင်စိုးဦးနှင့်
ဆုံရမည်၊ အရင်လို ပြောရ ဆိုရဆက်ဆံရဦးမည်။ စိုးဦးကို မြင်တိုင်း မြလေးညို ကို နှမျောတသဖြစ်ရသည့် စိတ်က ဘယ်လိုမှဖျောက်လို့ မရသေးပါ။
ရပ်ကွက် လူကြီး နှင့် စိုးဦး ပြန်သွားတော့ ဦးလေးကို မပြောရဲတာ နှင့် အဒေါ်ကို ကပ်ပြော မိသည်။
“သား မကန်ချင်ဘူး ဒေါ်လေး”
“မကန်ချင် ၀င် မကန်နဲ့ ပေါ့၊ အရန်ပဲလုပ် ဘောကန်အင်္ကျီတထည်တော့ရမှာပဲ၊ ဒေါ်လေး တို့ က အလှုငွေထည့်ထားရတာ ဒီလောက်တော့ ပြန်ယူရမယ်”
“ဒေါ်လေးကလဲ”
“မရဘူး၊ မောင်မောင် ၀င်ကန်ရမယ်၊ နိုင်လာရင်လဲ ဂုဏ်ပြုဖို့ ဆိုပြီး ပိုက်ဆံက ထည့်ရဦး မှာ၊ ပိုက်ဆံ ထည့်ရပေမယ့် ကိုယ့်တူပြန်ရတော့ ကောင်းတာပေါ့”
ကိုယ့်နဖူး ကိုယ်ရိုတ်ရင်း မောင်မောင်ရပ်ကွက် အသင်းမှာပါဖို့ ဖြစ်သွားသည်။ ဘာမှမသိ ရှာသည့် စိုးဦးကတော့ နောက်တစ်နေ့ကွင်းထဲကိုမောင် မောင် ရောက်တော့
ဝမ်းသာအား ရဆီးကြို ရှာသည်၊ ဒီလို ကျပြန်တော့ လည်းစိုးဦးကို မောင်မောင် အားနာမိ၏။ မြလေးညို ကလည်း မောင်မောင်တို့ လေ့ကျင့်သည့် ဆီသို့ မလာလို့ စိတ်လည်း နည်းနည်း သက်သာ ရာရသည်။


တိုတိုပြောရလျင်မောင်မောင်တို့ညနေတိုင်းအတူလေ့ကျင့်ကြသည်။ အပြန်ဆိုရင် လဘက် ရည်ဆိုင်တွေ ဘာတွေလည်း တူတူပြန်ထိုင် ဖြစ်သည်။ မောင်မောင်က
ငြင်းပေမယ့် စိုးဦး က အတင်းခေါ်တော့ မတတ်နိုင်။ အမှန်အတိုင်း ဆိုရင် မြလေးညို နှင့် စိုးဦးက မောင် မောင့် သူငယ်ချင်းတွေ ဖြစ်သည်။ သူတို့ နှစ်ဦး၏
ချစ်ရေးချစ်ရာ အကြောင်း ကို အနည်း အကျဉ်းတော့ စပ်စုသင့် မေးသင့်သည်။ ဒါပေမယ့် မောင်မောင်မမေးပါ။ မြလေးညို နှင့် ပတ်သက်ပြီး စကားလုံးဝ မစပ်မိအောင်နေသည်။ မောင်မောင့် ကို သူငယ်ချင်း အရင်းအ ချာ အဖြစ်သတ်မှတ်ထားသည့် စိုးဦးကတော့ မမေးဘဲ ပြောတတ်သည်။
သူတို့ အချစ်ရေးက သိပ်အဆင်မပြေ။ မပြတာကလည်း မြလေးညို၏ မိဖတွေ ဖက်ကဖြစ်သည်။ မြလေးညို တို့က မောင်မောင် တို့လောက် မချမ်းသာသော်လည်း
စိုးဦး တို့လောက် မဆင်းရဲပါ။ အလည်အလတ်တန်းစား လောက်လို့ ဆိုနိုင်သည်။ အစပိုင်းတုန်းက သူတို့ ကိစ္စ ကို ဖာသိဖာသာ နေကြသော်လည်း နှစ်ယောက်လုံး ဆယ်တန်းစာမေးပွဲကို ဒုတိယ အကြိမ်ကျရှုံးသည့် အခါ ရည်းစားထားလို့ ဖြစ်ရသည် ဆိုပြီး မြလေးညို ကို အတော်လေး ထိန်းချုပ်လိုက်ကြသည်ဟု ဆို၏။ တ
ပတ်နေလျှင် တကြိမ်တောင် တွေ့ဖို့ မလွယ်တော့ လို့ စိုးဦးပြောသည်။
“မင်း တို့ကလည်း နှစ် နှစ်တောင် ဆက်ကျတယ် ဆိုတော့လွန်တာပေါ့”
မနှစ်မျို့စွာ နှိပ်ကွပ်လိုက်သည့် မောင်မောင့် စကားကို စိုးဦး က တမျိုးအတွေး ပေါက်ပြီး ပျာပျာ သလဲ ရှင်းသည်။
“ငါ …ငါ တို့က မဟုတ်မဟပ်တွေ လည်း လုပ်နေကြတာ မဟုတ်ပါဘူးကွာ၊ ကျောင်းသွား ကျောင်းပြန် ကျူရှင်ပြန် လိုက်ပို့ ပေးရုံလောက်ပါပဲ၊ ဘုရားစူး မောင်မောင်
ရာ၊ လက်ကလေး လောက်တောင် ကိုင်ဖို့ကို အခွင့် မရခဲ့ပါဘူး”
“အေး လေ၊ ငါဘာပြောလို့လဲ”
လက်ကလေး လောက်တောင် မနည်းဆိုတော့ ဒင်းက ဘာလိုချင်သေးလို့ လဲဟု စိတ်ထဲက မလိုတမာနှင့် တွေးနေမိသည်။ အသက်တွေပိုကြီးလာသည်နှင့် အမျှ ပိုမိုကာဖွံ့ထွားစိုပြည် လာသည့် မြလေးညိုကို မြင်ရတိုင်း မောင်မောင်စိုးဦး ကို မကျေမနပ်ခံစားရသည်။
“ငါ ကတော့ ညံ့ လို့ကျတာပါကွာ၊ ညိုက နေမကောင်းရက်နဲ့ဖြေရတာကွ၊ အိမ်က စိတ်ပူမှာ စိုးလို့ မပြောဘဲ အားတင်းပြီးဖြေတာ၊ နောက်ဆုံးနေ့ ကျတော့ မေး
ခွန်းတောင် ဖတ်လို့ မမြင်တော့ ဘူးတဲ့၊ သူစိတ်ထဲ ထင်တာတွေရေးပြီး ပြန်လာတာ၊ အိမ်ရောက်တာနဲ့ လဲတာ၊ ဒါတောင်မှ အမှတ်စာရင်း ပြန်တောင်းကြည့်တော့
နောက်ဆုံးဖြေတဲ့ ဘိုင်အို တဘာသာပဲ ကျတယ်၊ ကျန်တာ အကုန်အောင်မှတ်ရတယ်။ ”
မြလေးညို ဆယ်တန်းကို တတိယ အကြိမ်ဖြေဖို့ ကြိုးစားနေတာကိုတော့ မောင်မောင်သိသည်။ စိုးဦး ကတော့ ဘာလုပ်နေမှန်း မောင်မောင် မသိပါ။
“မင်း ကရော ဘာဆက်လုပ်မှာလဲ၊ ဒီနှစ် ဖြေဦးမလား”
“ဖြေလဲ ကျမှာပဲ၊ ငါက စာနဲ့ မတည့်ပါဘူးကွာ ဒါကြောင့် ဘောလုံးကို ကြိုးစားနေတာ”
“ဘယ်လို”
“ငါမြို့နယ် လက်ရွေးစင် ဖြစ်အောင်လုပ်မယ်၊ အဲဒီကနေ တိုင်းပေါ့ ကွာ၊ တိုင်းမှာ ကောင်း ကောင်း ကစားနိုင်လို့ အသင်းကြီးတွေ တိုးနိုင်ပြီဆိုရင် အလုပ်အကိုင်
အဆင်ပြေမှာပဲ၊ ငါဝါ သနာပါတာနဲ့ ပဲ တက်လမ်းရှာတော့မယ်ကွာ”
စိုးဦး မမြင်အောင် မောင်မောင်သက်ပြင်းခိုးချလိုက်မိသည်။ ငယ်ကထဲ တွဲလာလို့ စိုးဦးခြေ ကို မောင်မောင်သိသည်။ စိုးဦးက သက်လုံကောင်းသည်။ အားသွန်
ခွန်စိုက် ကစားနိုင်၏။ ကိုယ်လုံးကိုယ်ထည်ကလည်း တောင့်တင်းလို့ တွန်းတွန်းတိုက်တိုက် တိုးနိုင်သည်။ ကန် ချက်လည်း ပြင်း၏။ ဒါပေမယ့် ဘောလုံး အထိန်း
အသိမ်း မှာ တော့ စိတ်ကူးပေါက်မှ ကစား တတ်သည့် မောင်မောင့်ကိုတောင် မမီပါ။ ရပ်ကွက်အသင်း မှာ အားထားရသည့် တိုက်စစ် မှုး မှန်သော်လည်း
သန်မာခြင်းနှင့် အမောခံနိုင်ခြင်း လောက် ဖြင့် အဆင့်မြင့်ပွဲတွေကို တိုး နိုင်မည် မဟုတ်ပါ။ တက္ကသိုလ် မှာ အပျော်ကစားတုန်းကပင် အနယ်နယ်က ရောက်လာ သည့် ကျောင်းသားတွေထဲမှာ စိုးဦး ထက်ကောင်းအောင် ကစား နိုင်သူတွေ အများအပြား မောင်မောင်တွေ့ခဲ့ ဖူးသည်။
ဒီရပ်ကွက် အဆင့်၊ ဒီမြို့ အဆင့်လောက်မှာ စွာနိုင်ပေမယ့် အပြင်မှာ မလွယ်ကြောင်းပြော ချင်ပေမယ့် စိုးဦး စိတ်မကောင်း ဖြစ်သွားမှာ စိုးလို့ မပြောတော့ပါ။
“အေးကွာ၊ ကြိုးစားပေါ့”
အလိုက်သင့် စကားကို သာဆိုမိသည်။
ပြိုင်ပွဲဝင်ချိန်ရောက်တော့ ကြိုတင် စဉ်းစားထားသည့် အတိုင်းမောင်မောင် က အရန် ခုံမှာ ပဲနေသည်။ စိုးဦး ကခေါ်ပေမယ့် ဗိုက်နာသလိုလို ခေါင်းကိုက်သလိုလို
နှင့် ရှောင်နေခဲ့သည်။ မောင်မောင် တို့ အသင်းက လူငယ်တွေ များ၏။ တခြားအသင်းတွေ လောက် အ တွေ့ အကြုံ ရှိသူတွေမပါပါ။ ဒါပေမယ့် ရပ်ကွက်ထဲမှာ
တွဲကစားနေကျ သူငယ်ချင်းတွေ ဆိုတော့ လူညီပြီး ကြိုးစားသည်။ ဒါကြောင့် အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ဖို့ အ ခွင့် ကြုံလာသည်။ ၀င်ကန်ဖို့ စိတ်မ
ပါသော်လည်း သူငယ်ချင်းတွေ ကန်ကြသည် ဆိုတော့ မောင်မောင် လည်း ဘေးကနေ အားတက်သရော အားပေးခဲ့ပါ၏။ ရပ်ကွက်ထဲက လူတွေ လည်း ပွဲတိုင်းလာအားပေးကြသည်။ ပရိသတ်တွေထဲမှာ မြလေးညိုကိုတော့ မတွေ့ရပါ။ သူမ ၏ အိမ်က မလွှတ်လို့ ထင်သည်။
ဆီမီး ဖိုင်နယ် နေ့မှာတော့ ဒုတိယပိုင်း တွင် မောင်မောင် မဖြစ်မနေ ၀င်ကစားဖို့ အ ကြောင်း ဖန်လာသည်။ တဖက်က အုပ်စုဗိုလ် ရလာသည့် အသင်းပီပီ
တော်တော်ကောင်းသည်။ အတွေ့ အကြုံရင့်သူ တွေလည်းပါ၏။ မောင်မောင် တို့ အသင်း အလူးအလဲဖြင့် ခြေ ကုန်ထုတ် ကစားရင်း ပထမပိုင်းမှာပင် စိုးဦး၏
တွဲဖက်တိုက်စစ်မှုး အနီကဒ် ဖြင့် ထုတ်ပယ် ခံလိုက်ရသည်။
ဒုတိယပိုင်း မှာ တဖက်အသင်း၏ တိုက်စစ်ကို အလူးအလဲ ကာကွယ်ရင်း နောက်တန်း လူ တယောက် အပြင်းအထန်ဒါဏ်ရာ ရသွားသည်။ နောက်တန်း အတွက်
လူစားတော့ ရှိပါ၏။ ဒါပေမယ့် အဲဒီကောင်က အရပ်ငါးပေ သာသာလောက်ပဲ ရှိလို့ ဟိုဖက်က သူ့ထက်ထွား ကျိုင်းသည့် ရှေ့တန်းတွေကို ထိန်းဖို့ မလွယ်။
လူကြီးတွေကမောင်မောင့် ကိုဝင်စေချင်ကြသည်။ နောက်တန်း ဆိုတော့ ရှေ့တန်းက စိုးဦး နှင့် ဝေးသည့် နေရာဖြစ်လို့ မောင်မောင် လက်ခံ လိုက်ပြီး ကွင်း
ထဲဝင်ခဲ့သည်။ မူလက မောင်မောင့် ကိုလျာထားသည်က ရှေ့တန်း နှင့် အလယ်တန်း အတွက် အရံဖြစ်သည်။ အခုတော့ နောက်ခံ အလယ်လူ ဖြစ်သွား၏။
ကွင်းထဲကို ၀င်မိတော့လည်း ရောက်သည့်နေရာကနေ မောင်မောင်ကြိုးစား ကစားပေးပါသည်။ လိုအပ်ရင် ကွင်းတ၀က်အထိ တက်ဖျက်ပေး၏။
ဒီလို နှင့် ပွဲက ဂိုးမရှိသရေ ရလဒ် နှင့် ပြီးခါနီးလာသည်။ အားလုံး အချိန်ပို ကန်ကြရတော့ မည် လို့ပဲ တွက်ကြသည်။ မောင်မောင် ထို့ ဖက်မှာလည်း နောက်မှ ၀င်လာသည့် မောင် မောင် မှ အပ တော်တော်လေး အားပျော့နေကြပြီ။ လူတယောက်လျော့ ဖြင့် မနည်းခုခံ ကစား ခဲ့ရသည် မဟုတ်ပါလား။ သက်လုံကောင်း
သည့် စိုးဦးတောင် မှ တော်တော်လေး ပင်ပန်း နေပုံရ၏။ ဒါပေမယ့် ကန်ခွင့်ရရင်တော့ ဒီကောင်က အားကုန်အတင်းဝင်ကန်သည်။ ထိုအချိန်မှာ မမျှော်လင့်ဘဲ တဖက်နောက်တန်း နှင့် ထိထွက်လာသည့် ဘောလုံး ကို စိုးဦး တဟုန်ထိုးပြေးပြီးကန်လိုက်ရာ ဂိုးသမား အသည်းအသန်ပုတ်ထုတ်လိုက်လို့ ထောင့် ကန်ဘောဖြစ်
သွားသည်။
ကိုယ်က ခံစစ် ကစားနေရလို့ မောင်မောင် ရှေ့ကို တက်လိုက်ဖို့ မရည်ရွယ်ပါ။ ဒါပေမယ့် ထောင့် ကန်ဘောကန်ဖို့ ပြင်နေစဉ် စိတ်ကူးရပြီး တက်လိုက်သွားမိ
သည်။ ကန်တင်လိုက် သည့် ဘောလုံးက တဖက်အသင်းနောက်ခံ လူတယောက် ခေါင်းနှင့်ထိပြီး မောင်မောင့် ရှေ့နားကို မြောက်လာသည်။ ရုတ်တရက်ပေါ်လာ
သည့် ဆုံးဖြတ်ချက်ကြောင့် ဘောလုံး ဆီသို့ မောင်မောင် ခေါင်းစိုက်ထိုးဝင်သွားမိသည်။ ပြိုင်ဖက် အသင်း၏ ခြေထောက်တွေ ကြားမှာ ဘောလုံးက မောင်မောင့်
ခေါင်းနှင့် ဆိုက်ဆိုက်မြိုက်မြိုက် ထိသည်။ မောင်မောင် မြေပေါ်တွင်လိမ့် သွားချိန်တွင် အားပါးတရ အော်လိုက်သံတွေ ထွက်လာသည်။
“ဂိုး”
လဲနေရာမှ လူးလဲ ထလိုက်ချိန်တွင် မောင်မောင့် သူငယ်ချင်းတွေ ပြေးလာပြီးဖက်ကြသည်။ ဘယ်လိုလုပ်လိုက်လို့ ဘာဖြစ်သွားမှန်းတောင် မောင်မောင် မသိ
လိုက်ပါ။ စိတ်ကူး ထဲမှာ ဖျပ်ကနဲပေါ်လာတာကို လုပ်လိုက်မိခြင်း ဖြစ်ပါသည်။ စိုးဦးကတော့ သူများထက် ထူး ၏။ မောင်မောင်ကို အတင်းဖက်ပြီး ပါးကို
အားပါးတရနမ်းလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ပင် စိုးဦးက နမ်းနေချိန်တွင် ပရိသတ်ထဲမှာ မြလေးညို ကို မြင်လိုက် ရသည်။ အပြာရောင်တီရှပ် နှင့် ဂျင်းစကပ်အဖြူရောင်ဝတ်ထားသည့် မြလေးညို ပြုံးနေ၏။ အပြာနှင့် အဖြူ ဆိုတာက မောင်မောင်တို့ အသင်း၏ ၀တ်စုံဖြစ်၏။ ချက်ချင်း မျက်နှာ ပြန် လှည့်ပြီး
စိုး ဦး မျက်နှာကို အတင်းတွန်းထုတ် မိသည်။
“ဟ၊ ဘာဖြစ်တာတုန်း”
“ချီးမှပဲ ယောက်ျားချင်း နမ်းစရာ လားကွ”
“ပျော်လို့ပါကွာ၊ မင်းကလဲ”
ပွဲဆက်ကစားနေချိန်မှာ မြလေးညို ရှိရာဖက်ကို မကြည့်မိအောင် မောင်မောင်ချုပ်တည်း ထားရသည်။ အနိုင်ဂိုးရပြီ ဖြစ်လို့ မောင်မောင် တို့ အတင်းပိတ်က
စားတော့သည်။ စိုးဦးပါ နောက်ကို ဆင်းပြီး ကူဖျက်ကစား၏။ ပွဲသိမ်း တော့ တဂိုး ဂိုး မရှိဖြင့် မောင်မောင် တို့ နိုင်သည်။ ပွဲအပြီးမှာ မြလေးညိုကို ရိပ်ကနဲ မြင်လိုက်ရသေးသော်လည်း အပြန်လမ်း မှာတော့ မတွေ့တော့ပါ။ ရပ်ကွက်ထဲ ရောက်လို့ လဘက်ရည်ဆိုင် ၀င်ကြတော့ စိုးဦးက မောင်မောင့် နားမှာ
ကပ်ထိုင်ပြီး ပုခုံးကို ဖက်ထား၏။
“ဟေ့ ကောင်စိုးဦး မင်းလိုင်းပြောင်း တော့မလို့လား”
“အေးကွ၊ ငါ ဒီကောင့်ကို ခိုက်သွားပြီ၊ ဟား …ဟား”
စိတ်မပါဘဲ ၀င်ပါလိုက်ရသည့် အသင်းပေမယ့် နိုင်ဖို့ အတွက်လုပ်ပေးလိုက်နိုင်လို့ မောင် မောင် လည်းပျော်ရပါသည်။


“မင်းကို အတင်းခေါ်ထည့်တာ မှန်သွားပြီ သိလား”
မောင်မောင် ပြုံးလို့ပဲ နေလိုက်သည်။
“ဒီကောင်က Super-sub ပေါ့”
“ဟုတ်တယ်၊ ဟုတ်တယ်”
ဒါပေမယ့် ဗိုလ်လုပွဲနေ့ တွင်တော့ မောင်မောင် အရန် မဟုတ်တော့။ ၀င်ကစားရဖို့ ဖြစ်လာသည်။ အနီကဒ် သမားအတွက် ရှေ့မှာ လူစားရှိပေမယ့် နောက်ခံ လူအတွက်ကတော့ မောင်မောင့် ကိုပဲ ၀င်စေချင်ကြသည်။ မောင်မောင်လည်း သဘောတူလိုက်ရပါသည်။ ဗိုလ် လုပွဲ မှာ တွေ့သည့် အသင်းက အုပ်စုမှာတွေ့ ပြီးသား အသင်းဖြစ်သည်။ အုပ်စုပွဲ တုန်းက မောင်မောင် တို့ အသင်းကို နှစ်ဂိုး ဂိုးမရှိ ဖြင့် နိုင်ဖူးသည့် အသင်းလဲဖြစ်သည်။ ခြေကွာ သော အသင်းလို့ ပြောနိုင်ပါသည်။
ပွဲစတာနှင့် သူတို့ကလည်း ငယ်နိုင် အသင်းလို အတင်းဖိကစား၏။ နောက်ကနေ အသေ အလဲ ဖျက်ထုတ်ကစားရင်း မောင်မောင် လူရုပ်တောင် မပေါ်တော့ပါ။ ဒေါ်လေး
သေသေ ချာချာ လျှော် ဖွပ် မီးပူတိုက်ပေးလိုက်သည့် ဘောင်းဘီအဖြူလေး လဲ ပေလူးနေသည်။ ဒါ ပေမယ့် မောင် မောင် အကောင်းဆုံး ဖျက်ထုတ်ကစား နိုင်ခဲ့ပါသည်။ ဂိုးစည်းပေါ်ရောက် လုလု ဘောလုံး တွေကို သုံးလေး ကြိမ်လောက် မောင်မောင် ရှင်းထုတ်နိုင်ခဲ့၏။
ပရိသတ်တွေက စိုးဦးနာမည်ကို အော်ဟစ်ပြီး ဂိုးသွင်းဖို့ အားပေးကြသော်လည်း အသည်း အသန် ခုခံကစားနေရချိန် တွင် စိုးဦးလည်း ပြေးခွင့်ကန်ခွင့် မရပါ။ ရှေ့မှာ ယောင်ချာချာ ဖြစ်နေသည်။ အလယ်တန်းသမားတွေကလည်း ခံစစ်ကို ကူနေရလို့ သူ့ကို အထောက် အကူ မပေးနိုင်ကြပါ။ တဖက်သတ် လိုဖြစ်နေ
သည့်ကြားထဲက ပထမ ပိုင်းမှာဂိုးမရှိ သရေ ဖြစ်အောင် မောင်မောင်တို့ စွမ်းဆောင် နိုင်ခဲ့သည်။ ခံစစ်မှာ ခြေအပေါ်လွင်ဆုံးကတော့ မောင်မောင် လို့ပဲ ကိုယ့်ဖာသာ
ထင်မိသည်။
ဒုတိယ ပိုင်းပြန်စတော့လည်း ထိုနည်းတူပင်။ မောင်မောင် တို့ဖက်က တကြိမ်နှစ်ကြိမ် လောက်သာ ထိုးဖေါက်ခွင့်ရသည်။ အပြင်းအထန်ဖျက်ထုတ်ရင်း ထောင့်
ကန်ဘောတွေ အကြိမ်ကြိမ်ပေးရသည်။ ကံကောင်းထောက်မစွာပင် တဖက်အသင်း ဂိုးကံခေနေသလို မောင်မောင် တို့တွေကလည်း လာသမျှဖျက်ထုတ်နေနိုင်
သည်။ ဒုတိယပိုင်း တ၀က်ကျိုးသည်အထိ သရေကျနေဆဲဖြစ်သည်။ ထိုအချိန် မှာ မမျှော်လင့်ဘဲ မောင်မောင် အခွင့်အ ရေး တခုရလာသည်။
နောက်တန်းကနေ ရှေ့ကို ကြုံးကန်လိုက်သည့် ဘောလုံးကို ဟိုဖက် အသင်းကတယောက် က စိုးဦးနှင့် ခေါင်းယှဉ် တိုက်လိုက်ရာ ဘောလုံးက မောင်မောင်တို့
အသင်းကွင်း တ၀က် သာသာ လောက်မှာလာကျသည်။ အနားမှာ ဘယ်သူမှမရှိ ဟိုဖက်က တယောက်က ဘော ခုံးဆီ ပြေးတက်အလာတွင် မောင်မောင်လည်း
ဘောလုံးဆီ တဟုန်ထိုးပြေးထွက်ခဲ့သည်။ အကွာ အဝေးကတူတူလောက်ပေမယ့် မောင်မောင်က အပြေးပိုမြန်လို့ ခြေတလှမ်း လောက် အသာနှင့်ရယူလိုက်နိုင်
သည်။
ပြေးဝင်လာသူကို ခေါက်ထွက်လိုက်သည်နှင့် မောင်မောင့်ရှေ့မှာ လမ်းကြောင်းရှင်း သွားသည်။ တသင်းလုံးနီးပါး တက်ထားလို့ သူတို့ အသင်းခံစစ်မှာ လူမရှိသလောက်ဖြစ်နေ၏။ ဘောလုံးကို တို့ထုတ်လိုက်ပြီး မောင်မောင် ကွင်း ဘယ် အခြမ်း အတိုင်းဆက်ပြေးသည်။ အငိုက်မိသွားသည့် တဖက် အသင်းက လူတွေ မောင်မောင့်ဆီ ပြေးလာကြ၏။ မောင် မောင် ဆက်ပြေးသည်။ ပြေးနေ ရင်း မောင်မောင့် မျက်လုံးထောင့်မှာ မောင်မောင်နှင့် ရင် ဘောင်တန်း ပြေးတက်
လာသည့် စိုးဦးကို မြင်ရသည်။ လူကျွံဘောမဖြစ်အောင်နောက် တန်း လူတွေ နှင့်ယှဉ်ပြေးလာခြင်း ဖြစ်သည်။
ဖြစ်နိုင်ချေကို အမြန်ဆုံးတွက်ချက်လိုက်ပြီး နောက် ဆယ့်ရှစ်ကိုက် စည်းထဲသို့ ချိုးဝင်လိုက်သည်။ တဖက်က နောက်တန်း နှစ်ယောက် နှင့် ရင်ဆိုင်တွေ့၏။
နောက်မှာ လည်းတ ယောက် ပါလာသည်။ ဘယ်ညာ နှစ်ယောက်ညှပ်လိုက်ခြင်း ဖြစ်လို့ မောင်မောင် အရှိန်သပ် ပြီး ရပ်လိုက်ပြီးအကြံထုတ်မိသည်။ ဒီတိုင်း
ရပ်နေရခြင်းတော့ မဟုတ် ဘောလုံးပါမသွား အောင် လိမ်ခေါက်လှည့်ပတ်နေရသည်။ ထိုအချိန် ထိ စိုးဦးလွတ်နေသေးတာကို မြင်ရ တော့ ဆုံးဖြတ်ချက်ချ
လိုက်ပြီး ညာဖက်ကို တို့ယောင်ပြပြီး ဘယ်ကိုထွက်လိုက်သည်။ ရှေ့ကို ထွက်သွားသည့် ဘောလုံးဆီကို တဖက်နောက်တန်းက ဆလိုက်ထိုးဝင်လာသော်
လည်း မောင်မောင် ဦးသွားသည်။ မောင်မောင်ကန်တင်လိုက်သည့် ဘောလုံးက ဂိုးရှေ့မှာ စိုးဦး နှင့် ခြေနှစ်လှမ်းလောက် အကွာကို ရောက်သွား၏။
ဘာဖြစ်သွားသည်ကို မောင်မောင်မသိတော့။ ဆလိုက်ထိုးဝင်လာသည့် နောက်တန်းလူ၏ ခြေ ထောက်ကို ၀င်တိုက်မိကာ လိမ့်ထွက်သွား၏။ ဒါပေမယ့် “ဂိုး”
ဆိုသည့် အသံကြီးကို တော့ ကြားဖြစ်အောင်ကြားလိုက်ရသည်။ လူးလဲကာပြန်ထ လိုက်တော့ ခြေကျင်းဝတ်က နာ နေ၏။ မောင်မောင် ပို့ပေးတာ ဂိုးလောက်
ပါသည်။ အားရပါးရ ပြေးကန် လိုက်ရုံသာရှိ လို့ စိုးဦး စိတ်ကြိုက်ပင်။
ထော့နဲ့ထော့နဲ့ လျှောက်လာသောမောင်မောင့်ကို ဂုဏ်ပြုမည့်သူတယောက်မှ မရှိ။ ဂိုးသွင်း လိုက်သည့် စိုးဦးနားမှာ ၀ိုင်းအုံနေကြသည်။
“စိုးဦး …ကွ”
ပရိသတ်ထဲက ကျယ်လောင်သည့် အသံတသံက မောင်မောင့်ဆီ တိုးဝင်လာသည်။ မောင် ပွဲ ခံနေကြသည့် အသင်းသားတွေဆီကို ဆက်မသွားတော့ဘဲ ကိုယ့်
တာဝန်ရှိရာ ဂိုးရှေ့နား ဆီကိုပဲ ပြန်လျှောက်လာခဲ့တော့၏။ နာနေသည့် ခြေထောက်ကို သွေးပူပြီးသက်သာသွား အောင် ကြိုးစားပြီး ခပ်သွက်သွက်လာရင်း အမှတ်မထင်ပရိသတ်ကြားတွင် မြလေးညို မျက်နှာလေးကို မြင်လိုက်ရသည်။ မောင်မောင့်ကို ကြည့်ရင်း ၀င်းပစွာ ပြုံးပြနေ၏။ လက် မလေး လဲထောင်ပြသည်။
တကွင်းလုံးက လူတွေထက် ဒီအားပေးမှုလေးက မောင်မောင့် အတွက် ပိုထိရောက်ပါသည်။ ခြေထောက်က အနာသက်သာသွားသည်။
“ဟေ့ ကောင်ဘယ့်နှယ့်နေလဲ၊ မင်းခြေထောက်ထိသွားတယ် မဟုတ်လား”
ဂိုးတိုင်ကို ခိုပြီးအောင်ပွဲခံနေသည့် ဂိုးသမား အောင်မျိုးကမေးသည်။
“ရတယ်၊ သိပ်မနာပါဘူး”
မနာဘူး ဆိုပေမယ့် နာတော့တော်တော်နာပါသည်။ ပွဲပြီးဖို့ကလည်း မိနစ်နှစ်ဆယ်လောက် ပဲ ကျန်တော့တာဆိုတော့ မောင်မောင်ကျိတ်မှိတ်ပြီး ကစားသည်။
ဂိုးသွင်း ခံလိုက်ရသည့် တဖက် အသင်းကလည်း တိုက်စစ်ကို အတင်းတင်လာ၍ အသည်းအသန်ခုခံ နေရင်း နာ တာတွေမေ့သွားရသည်။
“မောင်မောင် ..ရလား၊ ရလား”
ကိုယ်ကဒါဏ်ရာကို မေ့နေပေမယ့် တချက်တချက်တုံ့သွားတာကို သတိထားမိသည့် ဂိုး သမားက နောက်ကမေးနေသည်။ စိုးဦးသိသွားတော့ ရှေ့ပြန်မတက်တော့
ဘဲ မောင်မောင့် ကို ၀င်ကူပေးသည်။ သူ့ခွန်အားကြီးနှင့် အတင်းဝင်ဝင် တိုးဖျက်နေလို့ ပယ်နယ်တီ ဖြစ်မှာ စိုးပြီး မောင်မောင် တဖွဖွ သတိပေးနေရသည်။
တသင်းလုံးတက်ညီလက်ညီ ၀ိုင်းပိတ် ကစားနိုင်ကြလို့ နောက်ဆုံးတော့ မောင်မောင်တို့ အ သင်း အနိုင်ရဗိုလ်စွဲသွားသည်။ ကိုယ်စီကိုယ်စီ ဆုတံဆိပ်ဆွဲပြားလေးတွေ ယူပြီးတော့ ပြိုင် ပွဲ၏ အကောင်းဆုံးကစားသမား ဆုကို ချီးမြှင့်တော့ မောင်မောင်နှင့် တကွ အားလုံးထင် ထား ကြသည့်အတိုင်း စိုးဦးရသည်။ နောက်ဆုံးတော့ အသင်းအုပ်ချုပ်သူက ဆုဖလားကြီး ကို လက်ခံသည်။ ထိုအချိန်မှာ ပွဲကြည့်စင်ရှေ့၌ ပရိသတ်တွေ နှင့် ဘောလုံးသမားတွေ ရော ထွေးနေပြီဖြစ်သည်။
“အမှန်က နင်တော်လို့ ရတာ မောင်မောင်ရဲ့”
ဘေးနားက စကားသံလေးကြောင့် လှည့်ကြည့်လိုက်ရာ ဘယ်အချိန်က အနားရောက်နေသည် မသိသော မြလေးညိုကိုတွေ့လိုက်ရသည်။ မောင်မောင်
အမောပြေသွားသည်။ ဒီနေ့ လည်း မြလေးက အပြာနှင့် အဖြူပဲ ၀တ်ထားသည်။ အပြာရောင် ကိုယ်ကြပ်အင်္ကျီ နှင့် အဖြူဆွတ်ဆွတ်ထမိန် ၀တ်ထားသည်။ ပြည့်တင်းသော မြလေး၏ ရင်နှစ်မြွှာက ကိုယ် ကြပ် အင်္ကျီကြောင့် ထင်ထင်ရှားရှားမောက်ကြွနေသည်။ ဘယ်ဖက်ရင်သား၏ အပေါ်ဖက် နားတွင်
အနက်ရောင်ဝိုင်းလေး တခုပါပြီး အင်္ဂလိပ် ဂဏန်းဖြင့် 13 ဟုရေးထားတာကိုမြင်ရ ၏။
အင်္ကျီဒီဇိုင်းလုပ်သူတို့က ဘာစိတ်ကူးဖြင့် လုပ်လွှတ်လိုက်သည်မသိသောလည်း မောင် မောင်ကတော့ ကျေနပ်သွားသည်။ 13 ဆိုတာ မောင်မောင့် ကျော
နံပါတ်ဖြစ်သည်။ နဂိုထဲ က စိတ်မပါဘဲ ၀င်ကန်ရသည့် မောင်မောင်က သူများတွေ မလိုချင်သည့် ကျောနံပါတ်ကို တမင် ယူခဲ့ခြင်း ဖြစ်ပါသည်။ စိုးဦးကတော့
ကျောနံပါတ် 9 အင်္ကျီဝတ်သည်။ မြလေးညို ဖက်က ရည်ရွယ်ချက်တစုံတရာ ရှိမည် မဟုတ်ဘဲ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ဖို့ ရှိ သော် လည်း မောင်မောင် စိတ်ချမ်းသာသွားရသည် အမှန်ဖြစ်ပါ၏။ ထို့ကြောင့် သူများတွေ ဆုဖလားကြီးကို ကိုင်မြှောက်အော်ဟစ်နေချိန်မှာ စိတ်ပါလက်ပါကို လက်ခုပ်တီးလိုက်မိသည်။
မြလေးညို လည်းတီး၏။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


(၃)
ဘောလုံးပွဲ နိုင်သွားတော့ ဒေါ်လေး ကြိုတင် တွက်ထားသလို ဂုဏ်ပြုပွဲလုပ်ဖို့ ကိစ္စကပေါ် လာသည်။ ဒါပေမယ့် ဒေါ်လေးစိုးရိမ်သလို ပိုက်ဆံတော့ မထည့်လိုက်ရပါ။
ဂုဏ်ပြုပွဲအ တွက် တဦးထဲ ဒကာပေါ်လာသည်။ ဦးလှဝေဟု ခေါ်၏။ သူ့မှာမခင်မာဝေလို့ခေါ် သောသ မီး တ ယောက်ရှိသည်။ ရွယ်တူတွေက မဝေ၊ ငယ်သူတွေ က မမဝေလို့ခေါ်ကြ သော ခင် မာ ဝေ၏အ ဖေဦးလှဝေ ကမျိုးရိုးအလိုက်ပင်ချမ်းသာကြသူများဖြစ်သည်၊ ဆန်စက် ဆီ စက် တွေ အများကြီးပိုင်ခဲ့သည်၊ အသက်ကြီး လာတော့လုပ်ငန်းတွေရပ်ပြီးဈေးနားမှာစတိုး ဆိုင် ကြီး တစ်ဆိုင်သာဖွင့်ထားပြီးအေးအေးဆေးဆေးနေနေသူဖြစ်သည်၊ ဦးလှဝေကလည်း ဘောလုံးဝါသနာ အိုးဖြစ်သ လိုရပ်ကွက်အသင်းကိုငွေကြေးအများဆုံးထောက်ပံ့ပေးနေသူ လည်းဖြစ်သည်၊ ဂုဏ်ပြုပွဲကိုလည်းသူကပင် ငွေစိုက်ထုတ်ပြီးဦးဆောင်သည်။
ထို့ကြောင့်ဂုဏ်ပြုပွဲကိုသမီးဖြစ်သူကိုပါခေါ်ပြီးတက်ရောက်လာ၏၊ ဦးလှဝေဆိုင်မှဝီစကီပုလင်းတော်တော်များများပွဲလုပ်မည့်ရပ်ကွက်ရုံးသို့ညနေကထဲကရောက်နေကြောင်း
ကြိုတင်သတင်းရထားသော မောင်မောင် တို့တတွေလည်းတက်ကြွစွာဖြင့်စောစောချီတက် သွားကြသည်၊ အရက်ဒကာဦးလှဝေရောက် လာချိန် မှာတော့ တော်တော် ကိုအရှိန်ရနေကြပြီ၊ စိုးဦးက တော့ မ သောက်တတ်သဖြင့်အရက်တပက်ခန့်ကိုအချိုရည်တွေအများကြီးရောသောက်ပြီးရေချိန်ကိုက်နေ၏၊ ဦးလှဝေ ကရောက်ရောက်ချင်းပင် လူငယ်တွေနှင့်ဝင်ရောပြီးခွက်ဝင်ဆွဲ၏
'ဖေဖေနော်သမီးမေမေကိုပြန်တိုင်မှာ'
နောက်ကနေလှမ်းဟန့်သောသမီးဖြစ်သူကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီးတစ်ချက် ထည်း မော့ချလိုက်သောကြောင့်လူ ငယ်တွေကလက်ခုပ်သြဘာပေးကြသည်၊ ခင်မာဝေ ကသူမအ ဖေကိုဂရုမစိုက်တော့ ဘဲအခန်းထောင့်မှာအချိုရည်ခွက်ကလေးနှင့်ကုပ်နေသောစိုးဦးနှင့်သွားစကားပြောနေ၏စိုးဦးကလည်း ပျာပျာသလဲပင်ခင်မာဝေအတွက် အချိုရည်တစ်ပု လင်း သွားယူလာပေးပြီးစကားလက်ဆုံကြနေကြသည်၊
'ကျွန်တော်မှမသောက်တတ်တာမမဝေရယ်'
ခင်မာဝေကဘာမေးသည်မသိစိုးဦးပြန်ဖြေသံကိုကြားတော့မောင်မောင် နှာခေါင်းရှုံ့ လိုက်မိသည်၊ အဖြစ်မရှိတာများမင်္ဂလာယူချင်သေးတယ်ဟုစိတ် ထဲကပြောလိုက်မိသေးသည်၊ မောင် မောင်တို့နှင်ဦးလှဝေလေပေးတွေအ တော်ဖြောင့်နေကြချိန်မခင်မာဝေအနား ရောက် လာပြီး
'သမီးပြန်မယ်'
'သွားတော့မလားသမီးရယ်၊ အေးလေပြန်ချင်လည်းပြန်နှင့်လေ၊ ဖေဖေက ဒီမှာစကား ကောင်းနေတာနဲ့ဥက္ကဌတောင်သွားမနုတ်ဆက်ဖြစ်သေးဘူး၊ သမီးအမေ ကို ပြော လိုက် ဖေဖေနဲနဲနောက်ကျမယ်လို့၊ ဟဲဟဲ'
ခင်မာဝေကမျက်စောင်းထိုးပြီးလှည့်ထွက်သွားသည်၊ သမီးဖြစ်သူတံခါး ၀လွန်သည်နှင့် ဦး လှ ဝေထဟော့ တော့သည်၊
'ကဲကဲ ချီးယားစ်လုပ်မယ်ချီးယားစ်လုပ်မယ်ခွက်တွေကိုင်ပါကိုင်ပါ'
မောင်မောင်တို့လည်းခွက်တွေထဲအရက်ထပ်ဖြည့်ပြီးကိုင်မြောက် လိုက်ကြသည်၊ ဦးလှ ဝေ ကသူ့ခွက်ကိုလူငယ်တွေဘက်မြှောက်လိုက်ရင်းချောင်းဟန့်လိုက်သည်၊
'အဟမ်းအဟမ်း၊ ကိုယ်တို့အခု၊ အော်ဒါနဲ့မောင်စိုးဦးရော၊ '
အရက်မသောက်တတ်သောစိုးဦးကတခြားဝိုင်းသွားထိုင်နေပုံရသည်၊
'၀ှဲအစ်စ် မိုင်ဟီးရိုး၊ အိုး နိုးနိုး အာဝါ ဟီးရိုး မောင်စိုးဦး၊ ကမ်းမွန် မန်း'
အရှိန်ရနေပြီဖြစ်သောဦးလှဝေကစွတ်ရွတ်အော်နေသောကြောင့်စိုး ဦးအူကြောင် ကြောင် လေးဖြင့်ဦးလှဝေနားရောက်လာသည်၊
'ဟုတ်ပြီရော့ခွက်၊ မောင်ရင်ဒီလိုရှောင်နေလို့မရဘူးလေ၊ ဒီပွဲကမောင် ရင့်ရဲ့ပွဲပဲ'
'ကျွန်တော်မသောက်တတ်လို့ပါဦးရယ်၊ အချိုရည်ဆိုရင်မရဘူးလား'
'နိုး နိုး၊ မရဘူးညီလေး၊ ကိုယ်ပြောပြီးပါရောလား၊ ဒီပွဲကမောင်ရင် လေးကိုအကြောင်း ပြုပြီး မှဖြစ် လာရတာ၊ ဒီမှာမင်းကသူရဲကောင်းဇတ်လိုက် ဟုတ်တယ်နော်ဘော်ဒါတို့'
တခြားလူတွေကပါ၊ ဟုတ်ပါတယ်မှန်ပါတယ်ဝိုင်းအော်ကြသော ကြောင့်စိုးဦးမျက်နှာ သေ လေးဖြင့်အရက်ခွက်ကိုကောက်ကိုင်လိုက်ရသည်၊
'အိုကေ၊ ဒါဆိုရင်ရပြီစမယ် ချီးယားစ်'
အားလုံးတစ်ပြိုင်ထည်းမော့ချလိုက်ကြချိန်တွင်စိုးဦးတစ်ငုံတောင်ဝင်ပုံမရ၊ ခွက်တွေပြန် ချ လိုက်ကြချိန် တွင်ယောင်လယ်လယ်ဖြင့်မောင်မောင်ဘေးကိုရောက်လာ၏၊
'မောင်မောင်လုပ်ပါဦးကွာ၊ '
ဦးလှဝေကစိုးဦးရဲ့ပွဲပါဆိုနေစဉ်ကထဲကစိတ်တိုနေပြီဖြစ်သော မောင်မောင်က ဘာမှပြန်မ ပြောနေတော့ပဲစိုးဦးလက်ထဲကခွက် ကိုလှမ်းယူလိုက်ပြီးတကျိုက်ထည်းမော့ ချလိုက်သည်၊ ဒါကိုဦးလှဝေကမြင်ဖြစ်အောင်လှမ်းမြင်လိုက်၏၊
'ဟား မောင်စိုးဦးမင်းကတော့လုပ်ပြန်ပြီကွာ၊ ဒါမျိုးဆိုတာတပည့် နဲ့လွှဲလို့မရဘူးကွ'
မောင်မောင်ဒေါသထောင်းကနဲထွက်လာသည်၊ တစ်စုံတစ်ခုပြန်ပြော လိုက်မိမည်စိုး သဖြင့် ၀ိုင်း ကိုကျောခိုင်းပြီးထွက်လာခဲ့သည်၊ အလွန် အကျွံမဖြစ်အောင်အရက်ကို
ထိန်းသောက် ထား မိ၍သာတော်တော့သည်၊ အမူးသာသောက်ထားမိပါကဦး လှဝေကိုဘာပြန်ပြောပြီး ဘာပြန်လုပ်မိမည်မသိ၊ အခုတော့ မူးနေပေမယ့် စိတ်ကိုထိန်းလိုက်နိုင်သည်။ မောင်မောင့် ကြိုးစားမှု ကြောင့် ဗိုလ်လုပွဲ ကိုတက်ခဲ့ရသည်။ ဖလားရဖို့ အတွက်ဂိုးကိုလည်း စိုးဦး သွင်း နိုင်ရန် မောင်မောင်က အနာခံပို့
ပေးခဲ့သည်။ ဒါတွေအတွက် မချီးကျူးချင်နေပါစေ၊ စိုးဦး ကို သူရဲကောင်းလုပ်ပြီး မောင်မောင့်ကို နောက်လိုက်နေရာထားတာ မျိုးကိုတော့ လုံးဝ လက် မခံနိုင်ပါ။
ဒါ စိုးဦးကို မနာလိုခြင်း မဟုတ်ဟု မောင်မောင် ထင်သည်။ မိမိ ကိုနှိမ်ချခြင်းကို မကျေနပ် ဖြစ်လို့ မောင်မောင် လိပ်ပြာသန့်ပါ၏။
'မထူးပါဘူးပြန်မယ်ကွာ'
အခန်းထဲမှမောင်မောင်အသာလျိုထွက်လာသည်ကိုဘယ်သူမှသတိ ထားမိပုံမရ၊ စိုးဦးကို ဦးလှဝေတို့တတွေဝိုင်းချုပ်ပြီးအရက်တိုက်နေသည်ကို အာရုံရောက်နေကြသည်၊ လမ်းမပေါ်ရောက်ချိန်မှာတော့သူတို့အောင်မြင်သွားပုံရသည်၊ လက်ခုပ်သံတွေကဟိန်းထွက်လာ၏
မောင်မောင်အေးအေးဆေးဆေးပင်အိမ်ဖက်ပြန်လျောက်လာရင်းမ လာခဲ့မိရင် ကောင်း သားဟုတွေးနေမိစဉ်လမ်းဘေးဆီကခေါ်သံကြားလိုက်ရသည်၊
'မောင်မောင် ရေ ခဏ လောက်လာပါဦး'
အသံကြားရာဆီကိုလှမ်းကြည့်လိုက်တော့လမ်းဘေးမှာရပ်ထားသောစူပါကပ်ဆိုင် ကယ် တစ်စီးနဲ့အတူခင်မာဝေကိုတွေ့လိုက်ရသည်၊


'ဘာဖြစ်လို့လဲမမဝေ'
'ဘာဖြစ်မှန်းကိုပသိပါဘူးကွာ၊ ဒီတိုင်းထိုးရပ်သွားတာပဲ၊ မင်းကြည့်တတ်လားကြည့်ပေး စမ်း ပါဦးမောင်မောင်ရယ်'
'ဟုတ်ကဲ့ဟုတ်ကဲ့'
မောင်မောင်ကဆိုင်ကယ်ရှေ့နားမှာငုတ်တုတ်ထိုင်ချလိုက်ပြီးဆိုင် ကယ်ကိုထိုင်ကြည့်နေ လေသည်၊ တခုခု လုပ်ပေးတော့မည် ထင်ပြီး ငြိမ်သက်စွာ ကြည့်နေရာမှ
မောင်မောင်က မလှုပ်သည့် အခါခင်မာဝေကအလန့်တကြားထမေး၏
'မောင်မောင်ဘာလုပ်နေတာလည်း'
'ဆိုင်ကယ်ကြည့်နေတာလေ'
'ဟာ ဒီကောင်လေးတော့မူးနေပြီထင်တယ်၊ မင်းကိုပြင်တတ်လားလို့မေးတာကွ'
'ပြင်တော့မပြင်တတ်ဘူးမမရဲ့၊ ကြည့်တာတော့ကြည့်တတ်တယ်လေမမကကြည့် ပေးဆို လို့ဒီမှာကြည့်နေတာ'
'အမယ်လေးကိုယ်တော်လေးရယ်မမူးပေလို့သာပဲ'
'မမူးပါဘူးဆိုဗျာ၊ ကဲကျွန်တော်ဘာလုပ်ပေးရမလဲ၊ ပြင်တော့ပြင်မပေး တတ်ဘူး'
ခင်မာဝေကစဉ်းစားဟန်ဖြင့်ခဏငြိမ်နေသည်၊
'အန်ကယ်ဦးလှဝေကိုသွားခေါ်ပေးရမလားမမ'
'ခေါ်မနေနဲ့၊ ခုလောက်ဆိုမင်းဖေဖေ့ကိုထမ်းခေါ်လာရလိမ့်မယ်၊ ဒီလိုလုပ်ကွာမင်းမမကို အိမ် အထိဆိုင်ကယ်ဝိုင်းတွန်းပေး'
'အိုကေဖြစ်တယ်'
'သေချာတယ်နော် တော်ကြာမူးနေတာနဲ့ဆိုင်ကယ်မင်းပေါ်ပိရင်မမဒုက္ခရောက်နေရဦးမယ်'
'ဖြစ်ပါတယ်မမဝေရဲ့၊ စိတ်မချရင်လည်းဒီလိုလုပ်၊ မမကရှေ့လက်ကိုင် ကနေကိုင်ပြီး တွန်း၊ ကျွန်တော်ကနောက်ဖင်ထိုင်ခုံကတွန်းမယ်ဖြစ်မလား'
ခင်မာဝေကလည်းသဘောတူသဖြင့်နှစ်ယောက်သားတကုန်းကုန်းနှင့်တွန်းလာကြသည်၊ လူမှုရေးအရမကောင်းတတ်၍ကူညီရသော်လည်းစောစောကဦးလှဝေ
ကိုစိတ်အချဉ်ပေါက်မှုကမပြေသေးသောကြောင့်သူ့သမီးခင်မာဝေကိုလက်စားချေသည့်အနေဖြင့်မောင်မောင်သိပ်အားစိုက်ပြီးမတွန်းပဲအသာမှေးလိုက်နေ၏၊ စူပါကပ်
ဆိုင်ကယ်လေးကသိပ် မလေးလှ သော် လည်းလမ်းကကျင်းချိုင့်တွေများသလိုကုန်းအဆင်းအ တက်တွေလည်း ရှိသော ကြောင့်မိန်းမသားဖြစ်သောခင်မာဝေ အတွက်မသက်သာလှပါ၊ မောင်မောင့်ကိုလည်းမူးနေသည်ဟုထင်ထားသောကြောင့်အဖေါ်လိုက်လာသလိုသာသဘောထားပြီးသူ့ဖာသာ သာ အားစိုက်တွန်းနေ
သည်၊ .
ထူးဆန်းတာက ဦးလေး နှင့် ဦးလှဝေလည်း သိပ်ပြီး အစေးမကပ်ကြပေ။ ဦးလေးကလည်း သူ့ အတိုင်းအတာနှင့် သူပြေလည်သူဆိုတော့ ရပ်ကွက်ထဲ မှာ ငွေကြေးတတ်နိုင်သူဆိုသည့် အကြောင်းပြချက်နှင့် လူတွင်ကျယ်လုပ်ချင်သလိုလို ရှိသည့် ဦးလှဝေကို မျက်နှာကျောသိပ် မတည့်ပါ။ တချို့နေရာတွေမှာ တမင်လိုက်ကပ်တာတောင်ရှိ၏။
လောကများတယ်ဆန်းကျယ်ပါလား၊ ဦးလှဝေကိုစိတ်ဆိုးပြီးထွက်လာပါမှသူ့သမီးကို ကူညီ နေရတယ်ဟုတွေးရင်းဘာရယ်မဟုတ်ခင်မာဝေ ကိုနောက်ကနေကြည့်နေ မိသည်၊ ခင်မာဝေသည်ရုပ်ရည်ကသိပ်အချောကြီးမဟုတ်သော်လည်းကိုယ်လုံးကိုယ်ပေါက်ကတော့ကာလသားများကြားဝယ်ရေပန်းစားသူဖြစ်သည်၊ ရန်ကုန်မှာ
တက္ကသိုလ်သွားတက်စဉ်ကယောက်ျား နောက်လိုက်ပြေးဖူးသည့်သတင်းကြောင့်သာမဟုတ်လျင်လိုချင်သူတွေဝိုင်းဝိုင်းလည်နေ လောက်သည်၊ ကျောင်းနေစဉ်က
သတင်းကိုဖုန်းကွယ်ထားပြီးမြို့မှာအပျိုကြီးလုပ်နေသော်လည်းတမြို့လုံးနီးပါးဒီအကြောင်းကိုသိကြသည်၊ လူချစ်လူခင်ပေါသောမိသားစုဖြစ်နေသောကြောင့်သာ အားလုံးကမသိသလိုနေပေးကြခြင်းဖြစ်သည်၊
သူမ၏ရုပ်ရည်နှင့်ငွေကြေးကိုအကြောင်းပြု၍လာရောက်တောင်းရမ်းသူများရှိသော်လည်းခင်မာဝေကရောမိဘများကပါ၊ ဒီတစ်သက်ခင်မာဝေအိမ်ထောင်ပြုရန်မရှိ
အပျိုကြီးသာ လုပ် တော့မည်ဟုတရားဝင်ကျေညာထား၏၊ သမီးလေးကို မခွဲနိုင်လို့လေ ဆိုသည် မှာ လူအများ ကြား မှာမိခင်ဖြစ်သူဒေါ်မြမြပြောနေကျစကားဖြစ်
သည်၊
တခါတုန်းကတော့ မောင်မောင်တို့ မြို့ကိုပြောင်းလာသည့် ဆရာဝန်တယောက်နှင့် ပေးစား တော့ မလိုလို သတင်းထွက်ဖူးသည်။ ထိုဆရာဝန် အတွက်ဦးလှဝေ
က သူ့ခြံထောင့်က လေး ကိုကန့်ပြီး ဆေးခန်းဖွင့်ပေး၏။ သမီးနှင့် ပိုနီးစပ်စေရန်လို့ တချို့ကပြောကြသည်။ မ ခင်မာဝေ လည်းနည်းနည်းတော့ စိတ်ပါသွားပုံရ
သည်။ ဒါပေမယ့် ဆရာဝန်က တကယ်ကျ တော့ အိမ်ထောင်သည် ဖြစ်နေသည်။ မိန်းမနှင့် ကလေး လိုက်လာတော့မှ ဦးလှဝေ မိသား စု ပက်လက်လန်တော့
၏။ ထိုဆရာဝန်လည်း နယ်ပြောင်းသွားသည်။ မခင်မာဝေ၏ အိမ် ထောင်ရေး ဇာတ်လမ်းလည်း ဆက်ရန်မရှိရပ်တန့်လို့ သွားပြန်တော့သည်။
ဦးလှဝေက ဆေးခန်းကို ဖြိုဖျက်ဖို့လုပ်နေစဉ် ဦးလေး၏ မိတ်ဆွေတယောက်က ရန်ကုန်မှာ ဆေးကျောင်းတက်နေသည့် သားဖြစ်သူ ပြန်လာရင် ဆေးခန်းဖွင့်ပေး
ဖို့ဟု ရည်ရွယ်ပြီး ပြန် ၀ယ်သည်။ မိန်းမသားပီပီ နှမျောတတ်သည့် ဒေါ်မြမြ၏ တိုက်တွန်းမှုကြောင့် ဦးလှဝေ လည်း ထိုအဆောက်အဦးနေရာလေးကို ရောင်း
လိုက်သည်။ ဒါပေမယ့် ဦးလေး မိတ်ဆွေ၏ သားက ကျောင်းပြီးသော်လည်း ပြန်မလာဘဲ ရန်ကုန်မှာ မိန်းမ ယူသွားသည့် အခါ ဦးလေး က ပြန်ဝယ်ထားလိုက်
သည်။
ဦးလေး ၀ယ်လိုက်မှန်းသိတော့ ဦးလှဝေ ပြန်လာဝယ်သည်။ နဂိုက ဘာရယ်မဟုတ် မိတ် ဆွေ က ငွေလိုနေလို့ ကူညီသည့် အနေဖြင့်ဝယ်ထားလိုက်ခြင်း
ဖြစ်သော်လည်း ဦးလှဝေ က လာပြန်ဝယ်သည့် အခါ တမင်ပင်မရောင်းဘဲ ပေကပ်နေခဲ့သည်။ မတန်တဆဈေးတက် ပေးတာတောင်မှ မရောင်းပါဆို၍ ဦး
လှဝေ နောက်ဆုံးမှာ လက်လျှော့သွားရသည်။ အခုထိ ဘာမှ မလုပ်ဘဲ ထိုဆေးခန်းကို ပိတ်ထားသည်။ ဦးလှဝေ တို့ ခြံလည်း ထောင့်မှာ တခြမ်း ပဲ့ နေရ၏။
မောင်မောင်ကတော့ ဆေးခန်းနေရာကို မနှမျောပါ။ အောက်ပါ၊ အထက်ပါ အရည်အချင်း တွေပြည့်စုံပါလျှက်နှင့် ခုထိတကိုယ်တည်း ဖြစ်နေမိသည့် မခင်
မာဝေကိုပဲ နှမျောနေမိသည်။ မခင်မာဝေ လိုမိန်းမသည် ယောက်ျားတယောက်ကို အကောင်းဆုံး ခံစားမှုတွေ ပေးနိုင်မှာ ဆိုတာ မောင်မောင် ကောင်းကောင်း
သိပါ၏။ 'ဖြေးဖြေးတွန်းပါမောင်မောင်ရဲ့၊ ဒီမှာလဲတော့မယ်'
ဝိုးတ၀ါးမြင်နေရသောနိမ့်တုန်မြင့်တုန်အလှကိုငေးရင်းစိတ်ကလွင့်သွား ပြီးခင်မာ ဝေ က လှည့်ပြောလိုက်မှအံကိုကြိတ်ပြီးအားရပါးရတွန်းနေမိသည့် အဖြစ်ကို မောင်မောင်သတိ ထားမိသည်၊ လေကလေးတစ်ချက်အဝှေ့လိုက်တွင်စောစောကသတိမထား မိသောရနံ့ သင်း သင်းလေးကိုလည်းခင်မာဝေ့ ဆီကရလိုက်သည်၊ မခင်မာဝေ မျက်နှာမှာ သနပ်ခါး စင်းကြောင်းလေးတွေရှိတာကို အခုနမီးရောင်မှာ မြင်ခဲ့ရသည်။ မျက်နှာကသနပ်ခါး နံ့ နှင့် ကိုယ်ပေါ်က ရေမွှေးနံ့ ရောစပ်ပြီးထွက်လာသည့် အနံ့ တမျိုးက မောင်မောင့်ရင်ခုန်သံတွေ ကို မြန်သွားစေသည်။
အရင်တုန်းကတော့ မခင်မာဝေ၏ ကိုယ်လုံးအလှကို ယောက်ျားလေး ပီပီ ငမ်းမိတာတွေ ရှိပေမယ့် စိတ်ထဲက ဒီလောက်မဟုတ်။ ဒီညမှ ထူးထူးခြားခြား စိတ်ဖေါက်နေမိသည်။
“အို”
ရုတ်တရက် ရပ်လိုက်သည့် မခင်မာဝေကြောင့် နောက်က တွန်းနေသည့် မောင်မောင် အရှိန်လွန်ပြီး သူမကို ၀င်ဆောင့်မိသည်။ အိအိစက်စက် တင်
ပါးကြီးတွေက မောင်မောင့် ဆီးခုံ ဆီ တိုက်ရိုတ်ဝင်တိုက်လိုက်သည်။ မောင်မောင့်ကိုယ်ထဲက သွေးတွေ ပွက်ကနဲဆူ ထလာ၏။
“ဒါလား မမူးတာ၊ အနံ့က ဟောင်လို့၊ လူက ယိုင်လို့”

No comments:

Post a Comment